“ကိုရီးယားမှာ ပွဲထွက်လာတော့မယ့် ပထမဆုံးသော မြန်မာလူမျိုး K-pop Idol စုနဒီစိုး”

0
132

Unicode

ကိုရီးယားရဲ့ K-pop နယ်ပယ်ထဲမှာ မြန်မာလူမျိုး တစ်ဦးဟာလည်း မကြာခင် အချိန်အတွင်းမှာ တရားဝင် ပွဲဦးထွက်လာတော့မှာဖြစ်ပြီး ဒါဟာဆိုရင် မြန်မာနိုင်ငံရဲ့ပထမဆုံးသော K-pop Idolတစ်ဦး ဖြစ်လာမှာဖြစ်ပါတယ်။

အဆိုပါ K -Pop Idolရဲ့မြန်မာနာမည်ကတော့ “စုနဒီစိုး” ဖြစ်ပြီး “Rumble G” လိုအမည်ရတဲ့ အဖွဲအသစ်မှာ ပါဝင်လာမှာဖြစ်ကာ သူမတို့ အဖွဲ့ကို ပွဲဦးထုတ်ပေးမှာ ကတော့ Winner Zone Entertainment ဖြစ်တယ်လို သိရပါတယ်။ အဆိုပါအေဂျင်စီဟာ ဆိုရင် အသစ်ဖြစ်ပေမယ့်လည်း နာမည်ကြီး Entertainment ကနေ ခွဲထွက်ထားတဲ့ အေဂျင်စီ တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ သူမက DiDi ဆိုတဲ့ နာမည် နဲ့ပွဲထွက်လာမှာဖြစ်ပြီး အဆိုပိုင်းမှာရော၊ Rap မှာပါ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တယ်လို့လည်း ပရိသတ်တွေက မှတ်ချက်ပေးထားကြတာကို တွေ့ရပါတယ်။

သူမတို့ အဖွဲ့ဟာဆိုရင် အဖွဲ့ဝင် ၄ ယောက်နဲ့ ဖွဲစည်းထားတဲ့ အဖွဲ့ ဖြစ်ပြီး ပွဲဦးထွက်မှာကတော့ လာမယ့် ဇွန်လထဲမှာဖြစ်တယ်လို့ သိရပါတယ်။

Zaw Gyi




LEAVE A REPLY

Please enter your comment!
Please enter your name here