Miss Universe ပြိုင်ပွဲကြီးမှာ ‘သူငယ်တော် ရဲ့ယုံကြည်ရာ ပစ်တိုင်းထောင်’ ဝတ်စုံကို ဝတ်ဆင်ခွင့် မရတော့တဲ့ အလှမယ် သူဇာဝင့်လွင်

0
269

Unicode

Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အလှမယ် သူဇာဝင့်လွင်က သူမရဲ့ အမျိုးသားဝတ်စုံ (National costume)ဖြစ်တဲ့ ‘သူငယ်တော်ရဲ့ယုံကြည်ရာ ပစ်တိုင်းထောင်’ ဝတ်စုံဟာ အချိန်မီရောက်ရှိလာခြင်း မရှိတဲ့အတွက် ဝတ်ဆင်ခွင့် မရရှိတော့ပဲ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာရှိတဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုးအချိုက ကူညီပံ့ပိုးပေးထားတဲ့ ချင်းတိုင်းရင်းသား ဝတ်စုံကိုသာ ဝတ်ဆင် သွားမှာဖြစ်ပါတယ်။

National costume အမျိုးသားဝတ်စုံ ပြိုင်ပွဲကိုတော့ မေလ ၁၃ ရက်၊ အမေရိကန် စံတော်ချိန် ညနေ ၆ နာရီခွဲမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး Grand final ပွဲကြီးကိုတော့ မေလ ၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Zaw Gyi




LEAVE A REPLY

Please enter your comment!
Please enter your name here