ဈေးရောင်းပြီးရတဲ့ အမြတ်အစွန်းတွေကို လှူဒါန်းသွားမယ့် ဆောင်းယွန်းစံ
0
289
Unicode
ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဆောင်းယွန်းစံဟာ ဆင်းရဲနွမ်းပါးသူတွေကို ကူညီနိုင်ဖို့ အတွက် အင်္ကျီ များကို စတင်ရောင်းချနေ ပြီဖြစ်ပါတယ်။
ရောင်းချသွားမယ့် T-shirt များကို သူမကိုယ်တိုင် ဒီဇိုင်း ထုတ်ထားတာဖြစ်ပြီး အမျိုးသားရော အမျိုးသမီးပါ ဝတ်ဆင်နိုင်ကာ ဈေးနှုန်းမှာ ၄၅၀၀ ကျပ် ဖြစ်ပါတယ်။
လတ်တလော မှာလည်း ရောင်းရငွေ အမြတ်အစွန်းများကို မေလ ၁၉ ရက်နေ့မှာ တောင်ဒဂုံ ရှိ ကျူးကျော်တဲ ၃၀၀ ကို သွားရောက် လှူဒါန်းမယ်လို့ သိရပါတယ်။ ဒါ့အပြင်သူမက ‘ခုချိန်မှာဆောင်းအတွက် ဈေးရောင်းဖို့ ဆိုတာ အရမ်းရှက်ပါတယ်.. အားလဲနာပါတယ်.. ဆောင်း မရောင်းရင် ကူညီဖို့ အတွကိဆောင်းမှာလဲငွေပိုငွေလျှံ အများကြီး မရှိပါဘူး.. အလှူလဲ မခံရက်ပါဘူး.. အဲ့တာကြောင့် ရောင်းတာပါရှင့်. နားလည်ပေးပါနော်’ လို သူမရဲ့ Facebook စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။
Zaw Gyi
LEAVE A REPLY
Please enter your comment!
Please enter your name here