မြန်မာလူမျိုး ဆရာမ ချမ်းမြမြသော်က Master in the house (ဂျိဘ်ဆာဘူအီးလ်ချယ်) ဆိုတဲ့ ကိုရီးယား ပရိုဂရမ် မှာ နာမည်ကျော် ကိုရီးယားမင်းသားတွေ နဲ့ အတူ ပါဝင် တင်ဆက်ခွင့် ရရှိခဲ့

0
353

Unicode

KBS ရုပ်သံက သတင်း အစီအစဉ်ကနေ မြန်မာပြည် အကြောင်းကို လစဉ် ဆွေးနွေးလာခဲ့တဲ့ ဆရာမ ချမ်းမြမြသော် ဟာ ပထမဦးဆုံး အကြိမ် SBS ရုပ်သံရဲ့ ပရိုဂရမ် တစ်ခုကနေ မြန်မာအကြောင်း ဆွေးနွေးဖို့ ကမ်းလှမ်းလာတာမို့ ကျွန်မတို အတူတူနေကြတယ်လို့ သူမရဲ့ ဖေ့ဘုတ်စ် စာမျက်နှာမှာရေးသား ထားပါတယ်။

“ကျွန်မကို အခု ဆက်သွယ်လာတဲ့ ပရိုဂရမ် ကတော့ 집사부일체 Master in the house (ဂျိဘ်ဆာဘူအီးလ်ချယ်) ဆိုတဲ့ ပရိုဂရမ် ဖြစ်ပြီး ကိုရီးယား ပြည်တွင်းမှာ အရမ်း လူကြည့်များတဲ့ နာမည်ကျော် ပရိုဂရမ် ဖြစ်ပါတယ်။ အဆိုတော်မင်းသား အီဆွန်းဂီ(이승기 Lee Seung Gi)၊ Kpop Idol ချာအွန်းအူ (차은우 Cha Eun Woo) စတဲ့ နာမည်ကြီး အနုပညာရှင်တွေ ပါဝင် တင်ဆက်တဲ့ ပရိုဂရမ် ဖြစ်ပါတယ်။ အခု ဒီပရိုဂရမ်က နေ ခါတိုင်း တင်ဆက်နေကျ ပုံစံ မဟုတ်ဘဲ မြန်မာ့အရေးကို အထူး တင်ဆက်မှာ ဖြစ်ပါတယ်။ လာမယ့် ၁၇ရက်နေ့ (တနင်္လာနေ့)မှာ ရိုက်ကူးမှာ ဖြစ်ပြီး မြန်မာနိုင်ငံသား ကျွန်မကို အဓိက ထားပြီး ကမ္ဘာအရပ်ရပ် (ပြင်သစ်၊ အီတလီ စတဲ့) နိုင်ငံခြားသားတွေ စုဝေးပြီး မြန်မာ့ အရေးကို သုံးသပ်ဆွေးနွေးကြမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတိုအတွက် အရမ်း အကျိုးရှိမယ့် အခွင့်အရေး ဖြစ်ပါတယ်” လို ချမ်းမြမြသော် က သူ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

SBS ရုပ်သံဟာ Running Man လို ကမ္ဘာကျော် ပရိုဂရမ်တွေ အများကြီးကို ထုတ်လွှင့်နေတဲ့ ကိုရီးယားရဲ့ Top ရုပ်သံ တစ်ခု ဖြစ်ပါတယ်။

Zaw Gyi


KBS ရုပ်သံက သတင်းအစီအစဉ်ကနေ မြန်မာပြည်အကြောင်းကို လစဉ် ဆွေးနွေးလာခဲ့တဲ့ ဆရာမ ချမ်းမြမြသော် ဟာ ပထမဦးဆုံး အကြိမ် SBS ရုပ်သံရဲ့ ပရိုဂရမ် တစ်ခုကနေ မြန်မာအကြောင်း ဆွေးနွေးဖို ကမ်းလှမ်းလာတာမို ကျွန်မတို အတူတူနေကြတယ်လို သူမရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာရေးသားထားပါတယ်။




LEAVE A REPLY

Please enter your comment!
Please enter your name here