“ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာရောက် ကလေးငယ် တစ်ဦးကို အမေအရင်း ဖြစ်သူက ပြန်လာခေါ်ခဲ့”

0
272

Unicode

မေလ ၂၀ ရက်နေ့မှာ ၂လ အရွယ်သမီးလေး တစ်ဦးကို အမျိုးသား တစ်ဦးမှ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာသို့ လာရောက် အပ်နှံ ပါတယ်။
ထို အမျိုးသားမှာ taxi သမား တစ်ဦးဖြစ်ပြီး လှည်းတန်း ကုန်းတံတားအောက်က ကောက်ရတယ်လို့ ဆိုပါတယ်။

မေလ ၂၁ရက်နေ့ မှာတော့ ကလေးငယ်ရဲ့မိခင်အရင်း က ကလေးငယ်ကို လာရောက်ခေါ်ဆောင်ခဲ့ပြီး သူမကတော့ ကလေးပြန်ရလို့ ပျော်ရွှင်နေပါတယ်။

ကလေးလာပို့သွားတဲ့ အမျိုးသားမှာ ကလေးငယ်ရဲ့ ဖခင်အရင်းဖြစ်ပြီး ပထမ အိမ်ထောင် နဲ့ ဒုတိယ အိမ်ထောင်ကြား ပြဿနာ များကြောင့် ဖခင်က ကလေးကို လာပို့ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ခိုင်နှင်းဝေ က ‘မျက်နှာတွေ မအုပ်ပဲ တင်ရခြင်းမှာ နောက်နောင် မလုပ်ရဲအောင် ကလေး အတွက် စဉ်းစားပြီး တင်ရခြင်း ဖြစ်ပါတယ်… အမှု အခင်းထိ ဖြစ်အောင် မလုပ်တော့ပဲ အနီးကပ် စောင့်ကြည့်နေမည် ဖြစ်ကြောင်း ပြောပြီး လက်မှတ်များ ၊သက်သေများ ယူထားလိုက်ပါတယ်ရှင်’ လို့ သူမရဲ့ facebook account မှာ ဖြည့်စွက် တင်ထားပါတယ်။

Zaw Gyi

“ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာေရာက္ ကေလးငယ္တစ္ဦးကို အေမအရင္း ျဖစ္သူက ျပန္လာေခၚခဲ့”

ေမလ ၂၀ ရက္ေန႔မွာ ၂လ အ႐ြယ္သမီးေလး တစ္ဦးကို အမ်ိဳးသား တစ္ဦးမွ ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာသို႔ လာေရာက္ အပ္ႏွံပါတယ္။
ထို အမ်ိဳးသားမွာ taxi သမား တစ္ဦးျဖစ္ၿပီး လွည္းတန္း ကုန္းတံတားေအာက္က ေကာက္ရတယ္လို႔ဆိုပါတယ္။

ေမလ ၂၁ရက္ေန႔ မွာေတာ့ ကေလးငယ္ရဲ႕မိခင္အရင္း က ကေလးငယ္ကို လာေရာက္ေခၚေဆာင္ခဲ့ၿပီး သူမကေတာ့ ကေလးျပန္ရလို႔ ေပ်ာ္႐ႊင္ေနပါတယ္။
ကေလးလာပို႔သြားတဲ့ အမ်ိဳးသားမွာ ကေလးငယ္ရဲ႕ ဖခင္အရင္းျဖစ္ၿပီး ပထမ အိမ္ေထာင္ နဲ႔ ဒုတိယ အိမ္ေထာင္ၾကား ျပႆနာ မ်ားေၾကာင့္ ဖခင္က ကေလးကို လာပို႔ခဲ့တာလို႔ သိရပါတယ္။
ဒါ့အျပင္ ခိုင္ႏွင္းေဝ က ‘မ်က္ႏွာေတြ မအုပ္ပဲ တင္ရျခင္းမွာ ေနာက္ေနာင္ မလုပ္ရဲေအာင္ ကေလး အတြက္ စဥ္းစားၿပီး တင္ရျခင္း ျဖစ္ပါတယ္… အမႈ အခင္းထိ ျဖစ္ေအာင္ မလုပ္ေတာ့ပဲ အနီးကပ္ ေစာင့္ၾကည့္ေနမည္ ျဖစ္ေၾကာင္း ေျပာၿပီး လက္မွတ္မ်ား ၊သက္ေသမ်ား ယူထားလိုက္ပါတယ္ရွင္’ လို႔ သူမရဲ႕ facebook account မွာ ျဖည့္စြက္ တင္ထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here