မွေးနေ့မှာ ကဗျာ တစ်ပုဒ်ရေးလိုက်တဲ့ တေးသံရှင် မေလသံစဉ်

0
267

Unicode

မေလ ၂၃ ရက်နေ့ဟာတော့ လူငယ်တေးသံရှင် မေလသံစဉ် ရဲ့ မွေးနေ့ဖြစ်ပါတယ်။
ဒီနှစ်မွေးနေ့ ဟာ သူမ အနေနဲ့ ၁၈ နှစ်ပြည့်မြောက်တာ ဖြစ်ပြီးတော့ ကဗျာတစ်ပုဒ်ရေးသားကာ သူမရဲ့ facebook စာမျက်နှာမှာတင်ထားခဲ့ပါတယ်။

ကဗျာရဲ့အမည်ကတော့ ‘၁၈ ပြည့်ကဗျာ’ လိုခေါ်ပြီး ဒီကဗျာထဲမှာ သူမရဲ့ ၁၈နှစ်ပြည့်မွေးနေ့ဟာ အထီးကျန်စရာကောင်းတဲ့ အကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။
အသက်အရွယ်ငယ်ပေမဲ့ ဂီတပိုင်းမှာ ပါရမီ ထူးချွန်တဲ့ မေလသံစဉ် ကိုယ်တိုင်ရေးသားထားတဲ့ ကဗျာကတော့ –

“၁၈ ပြည့် ကဗျာ”

ငယ်ငယ်ထဲက တွေးထားတယ်
ဒီနေ့မှာ ကမ္ဗည်းထိုးပြီး လှူနိုင်လိမ့်မယ်လို့🙏
တစ်နှစ်က ပျော်ပြီးရေးထားတဲ့
Happy Birthday သီချင်းလေးဆိုဖြစ်မှာပဲလို့🎤
တစ်ခါမှ မလုပ်ဖူးသေးတဲ့ မွေးနေ့ပွဲလေး
သူငယ်ချင်းတွေနဲ့ လုပ်ဖြစ်မှာပဲလို့ 🥳
တစ်ခါမှ မဆုံဖူးသေးတဲ့
ချစ်Fan သံမဏိလေးတွေနဲ့ ဆုံရမှာပဲလို့☺️
ဒီနေ့လေးအတွက်…ကြိုတွေးပြီး မျှော်လင့်ခဲ့ဖူးတယ်

အခုတော့….သစ်ပင်အိုနဲ့တူတဲ့ ပတ်ဝန်းကျင်ကြီးမှာ
ရွက်ဟောင်းကြွေ အခက်တွေ လေမှာလွန့်လူး
အပွင့်တွေ ရွက်နုတွေ တဖြုတ်ဖြုတ်ကြွေ
တစ်ပွင့်တစ်လေ ကိုယ်လိုအပွင့်က
ခေါင်းမော့ကာ ဟန်မလုပ်နိုင်ဘူး
အပင်သန်မှ အပွင့်လန်းမယ်….🩸🩸🩸

ရေးလက်စ ကဗျာရပ် ✍️✍️
ဘာလိုလိုနဲ့ ဒီနေ့ဟာ ဘာတခုမှ အထ မမြောက်တဲ့
ငါ့မွေးနေ့ပါပဲလား😔😔

ဆိုပြီးတော့ သူမရဲ့ ၁၈နှစ်ပြည့်မွေးနေ့အကြောင်းကို ကဗျာတစ်ပုဒ် အဖြစ် ဖန်တီးထားခဲ့ပါတယ်။

Zaw Gyi

ေမြးေန႔မွာ ကဗ်ာ တစ္ပုဒ္ေရးလိုက္တဲ့ ေတးသံရွင္ ေမလသံစဥ္

ေမလ ၂၃ ရက္ေန႔ဟာေတာ့ လူငယ္ေတးသံရွင္ ေမလသံစဥ္ ရဲ႕ ေမြးေန႔ျဖစ္ပါတယ္။
ဒီႏွစ္ေမြးေန႔ဟာ သူမ အေနနဲ႔ ၁၈ ႏွစ္ျပည့္ေျမာက္တာ ျဖစ္ၿပီးေတာ့ ကဗ်ာတစ္ပုဒ္ေရးသားကာ သူမရဲ႕ facebook စာမ်က္ႏွာမွာတင္ထားခဲ့ပါတယ္။

ကဗ်ာရဲ႕အမည္ကေတာ့ ‘၁၈ ျပည့္ကဗ်ာ’ လိုေခၚၿပီး ဒီကဗ်ာထဲမွာ သူမရဲ႕ ၁၈ႏွစ္ျပည့္ေမြးေန႔ဟာ အထီးက်န္စရာေကာင္းတဲ့ အေၾကာင္း ေဖာ္ျပထားတာျဖစ္ပါတယ္။
အသက္အ႐ြယ္ငယ္ေပမဲ့ ဂီတပိုင္းမွာ ပါရမီ ထူးခြၽန္တဲ့ ေမလသံစဥ္ ကိုယ္တိုင္ေရးသားထားတဲ့ ကဗ်ာကေတာ့ –

“၁၈ ျပည့္ ကဗ်ာ”

ငယ္ငယ္ထဲက ေတြးထားတယ္
ဒီေန႔မွာ ကမၺည္းထိုးၿပီး လႉႏိုင္လိမ့္မယ္လို႔🙏
တစ္ႏွစ္က ေပ်ာ္ၿပီးေရးထားတဲ့
Happy Birthday သီခ်င္းေလးဆိုျဖစ္မွာပဲလို႔🎤
တစ္ခါမွ မလုပ္ဖူးေသးတဲ့ ေမြးေန႔ပြဲေလး
သူငယ္ခ်င္းေတြနဲ႔ လုပ္ျဖစ္မွာပဲလို႔ 🥳
တစ္ခါမွ မဆုံဖူးေသးတဲ့
ခ်စ္Fan သံမဏိေလးေတြနဲ႔ ဆုံရမွာပဲလို႔☺️
ဒီေန႔ေလးအတြက္…ႀကိဳေတြးၿပီး ေမွ်ာ္လင့္ခဲ့ဖူးတယ္

အခုေတာ့….သစ္ပင္အိုနဲ႔တူတဲ့ ပတ္ဝန္းက်င္ႀကီးမွာ
႐ြက္ေဟာင္းေႂကြ အခက္ေတြ ေလမွာလြန္႔လူး
အပြင့္ေတြ ႐ြက္ႏုေတြ တျဖဳတ္ျဖဳတ္ေႂကြ
တစ္ပြင့္တစ္ေလ ကိုယ္လိုအပြင့္က
ေခါင္းေမာ့ကာ ဟန္မလုပ္ႏိုင္ဘူး
အပင္သန္မွ အပြင့္လန္းမယ္….🩸🩸🩸

ေရးလက္စ ကဗ်ာရပ္ ✍️✍️
ဘာလိုလိုနဲ႔ ဒီေန႔ဟာ ဘာတခုမွ အထ မေျမာက္တဲ့
ငါ့ေမြးေန႔ပါပဲလား😔😔

ဆိုၿပီးေတာ့ သူမရဲ႕ ၁၈ႏွစ္ျပည့္ေမြးေန႔အေၾကာင္းကို ကဗ်ာတစ္ပုဒ္ အျဖစ္ ဖန္တီးထားခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here