တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းပိတ်မှုများကြောင့် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ပြုလုပ်နေ

0
191

နေပြည်တော် မေ ၂၄

နယ်စပ်ကုန်သွယ်ရေး အများဆုံးပြုလုပ်နေသည့် တရုတ်-မြန်မာကုန်သွယ်မှုကဏ္ဌ တွင် လမ်းပိတ်ဆိုမှုများနှင့်နယ်စပ်ဂိတ် ပိတ်ထားသည့် အခြေအနေများကြောင့် လတ်တလောတွင် ပင်လယ်ရေကြောင်းမှ ပြောင်းလဲ တင်ပို/တင်သွင်း လျှက်ရှိနေသည်ဟု သိရသည်။

“အဓိက သွင်းကုန်တွေကို နယ်စပ်ကနေ မသွင်းဘဲ ပင်လယ်ရေကြောင်းကနေ (Normal Trade)ကနေ တင်သွင်းတာကို ပြန်လည် ပြုလုပ်နေတာပါ။ ရက်က နှစ်ပတ်နီးပါး ကြာတယ်ဆိုပေမယ့် စိတ်ချရတဲ့ အနေအထားဖြစ်လို ပင်လယ်ရေကြောင်းကနေ ပြုလုပ်နေတာပါ”ဟု ရန်ကုန်မြိုရှိ Logistic ကုမ္ပဏီ ပိုင်ရှင်တစ်ဦးကဆိုသည်။

ပြည်တွင်းမှ တင်ပိုနေသည့်အသီးအနှံများမှာ နယ်စပ်ဂိတ်ပိတ်ဆိုမှုများကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်လျှက်ရှိနေပြီး အချိုသီးနှံများမှာ ကုန်သွယ်ရေးလမ်းကြောင်း အတွင်းမှာပင် ပျက်စီးမှုများရှိခဲ့သည်ဟု ကုန်သည်များကဆိုသည်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်အများစု ပိတ်ထားသည့်အတွက် လူသုံးကုန်အပါအဝင် ပြည်တွင်း ကုန်ဈေးနှုန်း တက်လာနိုင်သည့် အခြေခံ ပစ္စည်းများကို ပင်လယ်ရေကြောင်းမှတဆင့် တင်သွင်းလျှက်ရှိနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here