ကဆုန်လပြည့်နေ့ မိဘ ခြေရာတောင်းလို သူများအတွက်

0
459

Unicode

ကဆုန်လပြည့်နေ့တွင်

မိဘခြေရာတောင်းယူလိုသူများအတွက်
==================================

==
မိဘခြေရာ ခံယူနည်း
———————–
မိဘခြေက္ခဏာ ခံယူပွဲသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ

အလေ့အထ တစ်ခုဖြစ်၍ မြန်မာ မိသားစုတိုင်း

ခံယူကျင့်သုံးသင့်ပါသည်။ ကျေးဇူးရှင်

မင်းကွန်းဆရာတော် ဘုရားကြီးနှင့် ကုံလုံ ဆရာတော်

ဘုရားကြီးတို့၏ မိဘခြေရာ တောင်းယူပူဇော်နည်းမှာ

အောက်ပါအတိုင်း ဖြစ်ပါသည်။ မိဘခြေရာ

တောင်းယူသောနေ့ဟာ မိဘရော သားသမီးတွေပါ

မင်္ဂလာရှိသော မွေးနေ့ (သို့မဟုတ်) မွေးရက်နှင့်

မှတ်တမ်းအပ်သည့်နေများတွင် ကျင်းပလျှင်

ပို၍ကောင်းမွန်၏။ မိဘခြေရာတောင်းယူ မည့်အချိန်မှာ

မိဘကော သားသမီးပါ ရေချိုးသန့်စင်

ဝတ်ကောင်းစားလှများ ဝတ်ဆင်ပြီး ဘုရားစင်

ရှေ့မှာထိုင်ပါ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေမှာ

အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်

ဆယ်မျက်နှာရှိတဲ့ အထဲမှ အထက်အရပ်ရပ်ကို

ဦးထိပ်ပန်ဆင်ပြီး ရတနာသုံးပါးကို ပူဇော်ကန်တော့ပါ

ပြီးလျှင် အရှေ့အရပ် မှာ မိဘ၊ တောင်အရပ်မှာ

ဆရာသမား မြောက်အရပ်မှာ ကျေးဇူးရှင်များကို

ကန်တော့ပြီး ခင်ပွန်းကြီး (၁ဝ) ပါးအား ဝန်ချတောင်းပန်ကာ

ဘုရားစင်ရှေ့မှာ ငါးပါး သီလခံယူ ဆောက်တည်ပါ။
နေရာယူရန်
————-
ထို့နောက် မိဘမှ မြင့်သော မြတ်သော အရပ်မှာထိုင်ပြီး

သားသမီးတို့မှ မိမိတို့တတ်အား သရွှေ့ ကန်တော့ရန်

ပစ္စည်းများဖြင့် ကန်တော့ပါ၊ မိဘတို့ကလည်း ဆုပေး

ချီးမြှင့်ပေးပါ။ မိဘများမှ မွေးဖွားသန့်စင်တဲ့ အရွယ်ကစပြီး

ယနေ့မိဘများ ခြေရာမတောင်းယူမီအထိ ကံသုံးပါးဖြင့်

မတော် တဆ ပစ်မှားမိပါက ခွင့်လွှတ်ပါရန်နှင့်

မသိမမြင်ရသော ဘဝများတုန်းက အပြစ်များပါမကျန်

ခွင့်လွတ်ပါရန် သုံးကြိမ် တောင်းပန်၍ ကန်တော့ပါ။

မိဘများကလည်း ခွင့်လွတ်ပါတယ်ဟု သုံးကြိမ် ဖြေကြားပါ။
ခြေရာယူခြင်း
—————
ပြီးလျှင် မိဘခြေထောက်များကို ရေဇလုံတစ်ခုမှာ

ရေဆေးကြောသန့်စင်ပေးပြီး နံ့သာများ လိမ်းပေးပါ၊

နံ့သာလိမ်းထားသော မိဘခြေအစုံကို ယပ်တောင်ဖြင့်

ယပ်ခပ်ပေးပါ။ ပြီးလျှင် ဆီ၊ နနွင်း (သို့မဟုတ်)

ပုံနှိပ်မှင်ဖြင့် မိဘခြေဖဝါးကို ညင်သာစွာ လိမ်းပေးပါ။

သန့်ရှင်းသော အဝတ်ပေါ်တွင် ပိတ်ဖြူစ ခင်းပေးပြီး

အမေ့ခြေဖဝါးကို ဘယ်မှစ ညာနောက်လိုက်ကာ

ပိတ်ဖြူစပေါ်တွင် နင်းပေးပါ။ အဖေဆိုလျှင်တော့ ညာအစ

ဘယ်အဆုံး လုပ်ရမှာ ဖြစ်ပါသည်။ ပိတ်ဖြူပေါ်မှာ

မိဘများနင်းပြီး မတ်တပ် ရပ်ကာ သရဏဂုံတည်နေစဉ်

သားသမီးများကလည်း မိဘတို့၏ ခြေအစုံကို

ဦးခေါင်းနှင့်ထိ၍ ပူဇော် ကန်တော့နေပါ၊ ထို့နောက်

ဘေးမှဦးဆောင်၍ မိဘခြေရာတောင်းပေးသူမှ မိဘတို့အား

သားသမီး များအတွက် မေတ္တာများ ဤခြေရာတွင်

ထားခဲ့ပေးပါ။ ထားခဲ့ပါသလားဟု သုံးကြိမ် အမေး အဖြေ

ပြုလုပ်ပေးပါ။ မိဘရဲ့ ခြေရာများဟာ သာမန်အချိန်မှာ

ထင်ရစ်ခဲ့တဲ့ ခြေရာမဟုတ်ဘဲ သရဏဂုံ ပွားများရင်း

ကျန်ရစ်ခဲ့တာ ဖြစ်တဲ့အတွက် ဆောင်ယူသော သားသမီးများ

လောကီ၊ လောကုတ္တရာ အကျိုးထူးများစွာ ရရှိသလို

ချီးမြှင့်ပေးသော မိဘများမှာလည်း အသက်ရှည်

စိတ်ကျမ်းမာစေပါတယ်။
မိဘခြေရာကျန်ရစ်ခဲ့တဲ့ ပိတ်ဖြူစပေါ်မှာ မိဘ၏

မွေးသက္ကရာဇ် တောင်းယူသော သားသမီး များ၏ အမည်၊

တောင်းယူသော နေ့စွဲများကို အမှတ်တရ ရေးထိုးပါ။

မိဘတို့၏ ခြေဖဝါးများကို မူလ ဆေးကြောထားသော

ရေဇလုံအတွင်းမှာ ရေနှင့်ပင် ဆေးကြောပြီး နံ့သာရေ

လိမ်းပေးပါ။ မိဘတို့၏ ခြေရင်း၌ မိဘခြေထောက်များ

ဆေးကြောထားသော ရေဇလုံအတွင်းသို့ သားဆိုလျှင်

ညာဘက်လက် ထည့်ပါ၊ သမီးဆိုလျှင်

ဘယ်ဘက်လက်ထည့်ပြီး မိဘတို့အပေါ် ကာယကံ၊ ဝစီကံ၊

မနောကံအဖြစ် ပြစ်မှား မိသော အပြစ်များ ရှိပါက

ကျေပါစေဟု ဆုတောင်းကာ ထိုရေဖြင့် မျက်နှာ (၃)

ကြိမ်သစ်ပါ။ မိဘခြေရာ တောင်းယူနေစဉ်မှာ မိဘတွေရဲ့

မျက်နှာမှာ ဇရာကို သံဝေဂရလိုက်၊ သားသမီးတွေက

ရိုသေလေးမြတ်စွာ ပူဇော်ကန်တော့တဲ့အတွက် ပီတိတွေ

ဝေလိုက်နှင့်ပေါ့၊ သားသမီးတွေရဲ့ မျက်နှာမှာလည်း

မျက်ရည်တွေ တဝိုင်းဝိုင်းနှင့် မင်္ဂလာအရှိဆုံး

အပျော်ဆုံး ဖြစ်နေမှာ အမှန်ပါ။
မိဘခြေရာတောင်းယူပြီးနောက်
———————————
မိဘခြေရာတောင်းယူပြီး (၉) ရက်တိုင်တိုင် ကန်တော့ပြီးမှ

ညအိပ်ရာဝင်ပါ။ အိမ်ထောင်ရှိ ပါက အိမ်ထောင်နှင့် (၉)

ရက်ခွဲ၍ အိပ်ပါ။ မိဘခြေရာတောင်းယူပေးစဉ်

ဦးဆောင်သူမှ အောက်ပါ ဂါထာများ ကို

ရွတ်ဖတ်ပူဇော်ပေးရပါမည်။
မိဘခြေရာယူစဉ် ရွတ်ဆိုရန်
—————————–
‘ဒသမာသေ၊ ဥရေကတွာ၊ ဗပါသေတိ၊ ပုဎိကာရဏံ၊

အာယုဒီဃံ၊ ဝဿသတံမာတု ပါဒံနမာမဟ္လံ
သာမာတာ အကြင်အမိသည် ဒသမာသေ ဆယ်လတိုင်တိုင်

ဦးရေကတွာ ရင်ဖြင့်ပိုက်လွယ် သည် ကိုပြု၍ ပုဎိကာရဏံ

ကြီးပွားခြင်းအကြောင်းကို ကတွာပြု၍၊ ပေါသတိ

နို့ရည်တိုက်ကျွေး မွေးမြူပေး၏၊ ဝဿသတံ၊

အနှစ်တစ်ရာတိုင်တိုင် ထိုအမိ၏ ပါဒံခြေအစုံကို အဟံ

အကျွနု်ပ်သည်၊ နမာမိ ရိုသေမြတ်နိုး ရှိခိုးပါ၏။
‘ဗုသိကာရော၊ အလိဂ္ဂေတွာ၊ ဥပ္ပိတွာ ပီယပုတ္ထထံ၊

ရာဇပဇ္ဈံ၊ သုပတိဌံ၊ ပီတုပါဒံ နမာမဟ္လံ
ယောပီတု၊ အကြင်အဖသည် ဗုသိကာရော၊

ကြီးပွားကြောင်းကိုပြုလျှက် အလိဂ္ဂေတွာ၊ လည်ကို ဖက်၍၊

ဥပ္ပိတွာ၊ နမ်း၍၊ ပီယပုတ္ထထံ၊ ချစ်လှစွာသောသားကို၊

ရာဇပဇ္ဈံ၊ မင်းမှူးမတ်တို့၏ အလယ်၌ သုပတိဌံ၊

ကောင်းစွာတည်စေ၏ သောပီတု၊ ထိုအဖ၏ ပါဒံ၊ ခြေအစုံကို

အဟံ၊ အကျွနု်ပ် သည် နမာမိ၊ ရိုသေမြတ်နိုး ရှစ်ခိုးပါ၏။
ဘစိုးဥ
၂၀၀၆ခု မေလထုတ် ရတီမဂ္ဂဇင်းမှ

ထုတ်နုတ်ဖော်ပြပါသည်။ ပုံနှိပ်မင်ကို (၂၇)လမ်း (၃၂)

လမ်းတို့တွင် ဝယ်ယူရရှိနိုင်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here