“ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းရင်း ပရိသတ်တွေ အတွက် ကောင်းမှု ကုသိုလ်တွေ ပြုလုပ်နေတဲ့ ဘေဘီမောင်”

0
420

သရုပ်ဆောင် ဘေဘီမောင် က လတ်တလောမှာ မိသားစု နဲ့အတူ ရတနာအောင်မြေကျောင်းတိုက်မှာ တရားစခန်းတွေဝင်၊ ဘုရားတရားတွေ လုပ်ဖြစ်နေပြီး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ အတွက်လည်း အလှူငွေများ လှူဒါန်းလျက်ရှိပါတယ်။

မိသားစုအလိုက် အလှူအတန်းတွေ၊ ဘာသာရေးတွေ ပြုလုပ်ဖြစ်နေပြီး ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာလည်း သူမရဲ့ဖေ့ဘုတ်စ် ကနေ ပရိသတ်တွေ အေးချမ်းပါစေလို့ ဆုမွန်ကောင်း ရေးသားထားတာတွေ့ရပါတယ်။

“ မင်္ဂလာနံနက်ခင်းပါ

ယနေ့ ကဆုန်လပြည့် ဗုဒ္ဓ နေ့က စပြီး
တိုင်းသူပြည်သားအားလုံး
ယနေ့လပြည့်ညမှာသာတဲ့..

လမင်းကြီးလို ပြည့်ဝကြပါစေ
အေးချမ်းကြပါစေ
အပြစ်ကင်းကြပါစေ..
လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ..
မြန်မာတပြည်လုံး
ငြိမ်းချမ်းသာယာရှိကြပါစေလို မေတ္တာပို ဆုတောင်း ပေးပါတယ်။” လိုရေးသားထားပါတယ်။

Zaw Gyi

“ကဆုန္လျပည့္ေန႔မွာ ေညာင္ေရသြန္းရင္း ပရိသတ္ေတြ အတြက္ ေကာင္းမႈ ကုသိုလ္ေတြ ျပဳလုပ္ေနတဲ့ ေဘဘီေမာင္”

သ႐ုပ္ေဆာင္ေဘဘီေမာင္ က လတ္တေလာမွာ မိသားစု နဲ႔အတူ ရတနာေအာင္ေျမေက်ာင္းတိုက္မွာ တရားစခန္းေတြဝင္၊ ဘုရားတရားေတြ လုပ္ျဖစ္ေနၿပီး အခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြ အတြက္လည္း အလႉေငြမ်ား လႉဒါန္းလ်က္ရွိပါတယ္။

မိသားစုအလိုက္ အလႉအတန္းေတြ၊ ဘာသာေရးေတြ ျပဳလုပ္ျဖစ္ေနၿပီး ယေန႔က်ေရာက္တဲ့ ကဆုန္လျပည့္ေန႔မွာလည္း သူမရဲ႕ေဖ့ဘုတ္စ္ ကေန ပရိသတ္ေတြ ေအးခ်မ္းပါေစလို႔ ဆုမြန္ေကာင္း ေရးသားထားတာေတြ႕ရပါတယ္။

“ မဂၤလာနံနက္ခင္းပါ

ယေန႔ ကဆုန္လျပည့္ ဗုဒၶ ေန႔က စၿပီး
တိုင္းသူျပည္သားအားလုံး
ယေန႔လျပည့္ညမွာသာတဲ့..

လမင္းႀကီးလို ျပည့္ဝၾကပါေစ
ေအးခ်မ္းၾကပါေစ
အျပစ္ကင္းၾကပါေစ..
လိုအင္ဆႏၵမွန္သမွ် ျပည့္ဝၾကပါေစ..
ျမန္မာတျပည္လုံး
ၿငိမ္းခ်မ္းသာယာရွိၾကပါေစလို ေမတၱာပို ဆုေတာင္း ေပးပါတယ္။” လိုေရးသားထားပါတယ္။

Photo-crd

 

Photo-crd


LEAVE A REPLY

Please enter your comment!
Please enter your name here