ကဆုန်လပြည့်နေ့မှာ “ ကိုးနဝင်း ” စေတီတော်ကြီး ထီးတင်ပွဲမှာ ကုသိုလ် ယူနေတဲ့ ခိုင်နှင်းဝေ

0
368

ပရဟိတမင်းသမီး ခိုင်နှင်းဝေက လက်ရှိမှာ သူမမွေးစားထားတဲ့ ကလေးတွေကိုပြုစုရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ တချို့ အချိန်တွေမှာဆို သူမ တက်နိုင်သလောက် အလှူငွေလေးတွေနဲ့ အခက်အခဲ ဖြစ်နေတဲ့သူတွေကို အလှူအတန်းတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။ ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ မှာလည်း “ ကိုးနဝင်း”စေတီတော် ကြီး ထီးတင်ပွဲမှာ ကုသိုလ် ပါဝင်ယူဖြစ်ခဲ့ ပုံကိုလည်း ဝမ်းမြောက်စွာသူမ ရဲ့ဖေ့ဘုတ်စ် စာမျက်နှာရေး သားဖော်ပြထားပါတယ်။

အလှုရှင်များ နှင့် ခုနှစ်ရက် သားသမီးများ စုပေါင်း၍ တည်ထား ကိုးကွယ်သော “ကိုးနဝင်း” စေတီတော်မြတ်ကြီး ထီးတော်တင် ပူဇော်ပွဲသို့ ပါရမီ ဖြည့် ကုသိုလ်ယူခဲ့ပါတယ်… ဝဋ်ကြွေးဟောင်းများ ကျေပြီး ဝဋ်ကြွေး အသစ်များ မဖြစ်စေရဘဲ သာသနာ အကျိုးများ ဒီထက်မက သယ်ပိုးဆောင်ရွက်နိုင်ရပါစေ ရှင်..🙏🙏🙏” လို့ရေးသားထားပါတယ်။

Zaw Gyi




Photo-crd


LEAVE A REPLY

Please enter your comment!
Please enter your name here