အဝတ်အထည်များ ရောင်းချနေတဲ့ လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ငြိမ်းချမ်း

0
363

ဝါရင့် လူရွှင်တော် တစ်ဦးဖြစ်သလို ဟာသ သရုပ်ဆောင် တစ်ဦးလည်းဖြစ်တဲ့ ဦးငြိမ်းချမ်းဟာ မေလတွင်း မှစတင်ပြီး အဝတ်အထည် များ ကို သူ့ရဲ့ facebook အကောင့်ကနေ တစ်ဆင့် live လွှင့်ရောင်းချလျက် ရှိပါတယ်။

အဝတ်အထည် အမျိုးအစားတွေက မြင်းခြံ ချည်ပေါင်းသားများ၊ စပန့်များ ဖြစ်ပြီးတော့ အမျိုးသားရော အမျိုးသမီးများ အတွက်ပါ ပါဝင် ပါတယ်။

အနုပညာ အလုပ်တွေ ရပ်နားထားရတဲ့ အခုလို အချိန်မျိုးမှာ ဝင်ငွေ မရှိတာကြောင့် နေ့စဉ် ဝမ်းရေးဖြေရှင်းရုံသာ အခု လိုရောင်းချ တာဖြစ်ပြီး ဈေးနှုန်းမှာလဲ ၅ထောင်ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။

Live sale ပြုလုပ်ရာမှာလဲ သမီးဖြစ်သူ နေခြည်ငြိမ်းချမ်း၊ ဟာသသရုပ်ဆောင် ဟေမာမန်းဝင်း စတဲ့ အနုပညာရှင်များက ကူညီရောင်းချ ပေးကြပြီးတော့ ဦးငြိမ်းချမ်း မှာလည်း ကျန်းမာရေးကောင်းမွန်လျက် ရှိပါတယ်။

Zaw Gyi

အဝတ္အထည္မ်ား ေရာင္းခ်ေနတဲ့ လူ႐ႊင္ေတာ္၊ ဟာသ သ႐ုပ္ေဆာင္ ၿငိမ္းခ်မ္း

ဝါရင့္လူ႐ႊင္ေတာ္ တစ္ဦးျဖစ္သလို ဟာသ သ႐ုပ္ေဆာင္ တစ္ဦးလည္းျဖစ္တဲ့ ဦးၿငိမ္းခ်မ္းဟာ ေမလတြင္း မွစတင္ၿပီး အဝတ္အထည္ မ်ားကို သူ႔ရဲ႕ facebook အေကာင့္ကေန တစ္ဆင့္ live လႊင့္ေရာင္းခ်လ်က္ ရွိပါတယ္။

အဝတ္အထည္ အမ်ိဳးအစားေတြက ျမင္းၿခံခ်ည္ေပါင္းသားမ်ား၊ စပန႔္မ်ား ျဖစ္ၿပီးေတာ့ အမ်ိဳးသားေရာ အမ်ိဳးသမီးမ်ား အတြက္ပါ ပါဝင္ပါတယ္။

အႏုပညာအလုပ္ေတြ ရပ္နားထားရတဲ့ အခုလို အခ်ိန္မ်ိဳးမွာ ဝင္ေငြ မရွိတာေၾကာင့္ ေန႔စဥ္ ဝမ္းေရးေျဖရွင္း႐ုံသာ အခုလိုေရာင္းခ်တာျဖစ္ၿပီး ေဈးႏႈန္းမွာလဲ ၅ေထာင္ဝန္းက်င္သာ ရွိတယ္လို႔ သိရပါတယ္။
Live sale ျပဳလုပ္ရာမွာလဲ သမီးျဖစ္သူ ေနျခည္ၿငိမ္းခ်မ္း၊ ဟာသသ႐ုပ္ေဆာင္ ေဟမာမန္းဝင္း စတဲ့ အႏုပညာရွင္မ်ားက ကူညီေရာင္းခ် ေပးၾကၿပီးေတာ့ ဦးၿငိမ္းခ်မ္း မွာလည္း က်န္းမာေရးေကာင္းမြန္လ်က္ ရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here