Master ဘွဲ့ကို စွန့်လွှတ်တော့မယ့် သရုပ်ဆောင်မောင်

0
187

ဗီဒီယို ဇာတ်ကားတွေမှာ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့သူကတော့ သရုပ်ဆောင်မောင် ပဲဖြစ်ပါတယ်။ ယခင် အနုပညာ အလုပ်တွေ လုပ်တဲ့ အချိန်မှာ သူဝါသနာပါတဲ့ အလုပ်ကို ကောင်းမွန်စွာ လုပ်ခဲ့ပြီး အခုချိန်မှာလည်း သူဝါသနာပါတဲ့ စီးပွါးရေး၊ ပညာရေးတိုကို ကောင်းမွန်စွာ ကြိုးစားခဲ့တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ပညာတွေ သင်ရင်း သူစွန့်လွှတ်ခဲ့ရတဲ့ Master ဘွဲ့ အိမ်မက် အကြောင်းကို သူ့ရဲ့ ဖေ့ဘုတ်စ် စာမျက်နှာမှာ အခုလိုပဲ ရေးသားဖော်ပြ ထားပါတယ်။

“ကျွန်တော့်ရဲ့ Master ဘွဲ့အိမ်မက်ကိုစွန့်လွှတ်ခြင်း”

ကျွန်တော် Covid မဖြစ်ခင် ၁ နှစ်လောက်ကတည်းက ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပညာ မဟာ တန်း ( EMPA ) သင်တန်းကို စတက်ခဲ့တာပါ။ ရေးဖြေ, လူတွေ့ တွေဖြတ်ကျော်ပြီးမှာ ဝင်ခွင့်ရခဲ့လို အလွယ်တကူ တက်ခွင့်ရခဲ့တာတော့ မဟုတ်ပါဘူး။

တက်ခွင့်ရတော့လဲ ညနေတိုင်း တစ်ပတ် ၅ ရက် နဲ့ စနေနေ့ နေ့တစ်ဝက် ကိုအလုပ်ဆင်းပြီး အိမ်မပြန်ပဲ တက်ခဲ့တာပါ။ ကြားထဲမှာလဲ ဘာသာရပ်တွေကို စိတ်ဝင်စားလို စာမေးပွဲပေါင်း များစွာကို Grade ကောင်းအောင် ကြိုးစားဖြေခဲ့ပါတယ်။

အခု Covid ကတည်း ကပိတ်ထားတဲ့ကျောင်းကို ပြန်ဖွင့်ဖို့ အမိန့်စာထွက်လာတော့ ကျွန်တော် ဆုံးဖြတ်ရတော့မဲ့ အချိန်ရောက် လာပါတယ်။ ဒီလို အခြေအနေတွေမှာ ၆လပဲ ကျန်တော့တဲ့ ကျောင်းကို ကြိတ်မှိတ်ပြန်တက်ပြီး ဘွဲရအောင် ယူမလား, ကိုယ်လိုချင်လွန်းလို့ တစ်နှစ်လောက် ညနေတိုင်း အပင်ပန်းခံခဲ့တာတွေကို လွှတ်ပစ်ပြီး ကျောင်းနားမလား ဆိုတာပါ။ Master ယူဖို့ ဆိုတာ ကျွန်တော့ အိမ်မက်တွေထဲက တစ်ခုပါ။

အခုလို တိုင်းပြည် ဒုက္ခ ရောက်နေတဲ့အချိန်မှာ ဘာမှမဖြစ်သလို ကျောင်းဆက်တက်ပြီး ဘွဲ့ရလာတော့လဲ တိုင်းပြည်အတွက် သုံးပေးလို မရတော့မဲ့ အတူတူ ဆက်မတက်တော့ဘူးလို့ ပဲ စိတ်မကောင်းစွာ နဲ့ဆုံးဖြတ်လိုက်ပါတယ်။ “ လိုရေးသားထားပါတယ်။

Zaw Gyi

Master ဘြဲ႔ကို စြန႔္လႊတ္ေတာ့မယ့္ သ႐ုပ္ေဆာင္ေမာင္

ဗီဒီယိုဇာတ္ကားေတြမွာ ပရိသတ္ အားေပးမႈ ရရွိခဲ့တဲ့သူကေတာ့ သ႐ုပ္ေဆာင္ေမာင္ ပဲျဖစ္ပါတယ္။ ယခင္ အႏုပညာအလုပ္ေတြ လုပ္တဲ့အခ်ိန္မွာ သူဝါသနာပါတဲ့ အလုပ္ကို ေကာင္းမြန္စြာ လုပ္ခဲ့ၿပီး အခုခ်ိန္မွာလည္း သူဝါသနာပါတဲ့ စီးပြါးေရး၊ ပညာေရးတိုကို ေကာင္းမြန္စြာ ႀကိဳးစားခဲ့တဲ့သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။

ပညာေတြ သင္ရင္း သူစြန႔္လႊတ္ခဲ့ရတဲ့ Master ဘြဲ႔ အိမ္မက္ အေၾကာင္းကို သူ႔ရဲ႕ ေဖ့ဘုတ္စ္ စာမ်က္ႏွာမွာ အခုလိုပဲ ေရးသားေဖာ္ျပထားပါတယ္။

“ ကြၽန္ေတာ့္ရဲ႕ Master ဘြဲအိမ္မက္ကိုစြန႔္လႊတ္ျခင္း

ကြၽန္ေတာ္ Covid မျဖစ္ခင္ ၁ ႏွစ္ေလာက္ကတည္းက ရန္ကုန္စီးပြားေရးတကၠသိုလ္မွာ ျပည္သူ႔ေရးရာ စီမံခန႔္ခြဲမႈ ပညာ မဟာ တန္း ( EMPA ) သင္တန္းကို စတက္ခဲ့တာပါ။ ေရးေျဖ, လူေတြ႕ ေတြျဖတ္ေက်ာ္ၿပီးမွာ ဝင္ခြင့္ရခဲ့လို အလြယ္တကူ တက္ခြင့္ရခဲ့တာေတာ့ မဟုတ္ပါဘူး။

တက္ခြင့္ရေတာ့လဲ ညေနတိုင္း တစ္ပတ္ ၅ ရက္ နဲ႔ စေနေန႔ ေန႔တစ္ဝက္ ကိုအလုပ္ဆင္းၿပီး အိမ္မျပန္ပဲ တက္ခဲ့တာပါ။ ၾကားထဲမွာလဲ ဘာသာရပ္ေတြကို စိတ္ဝင္စားလို စာေမးပြဲေပါင္း မ်ားစြာကို Grade ေကာင္းေအာင္ ႀကိဳးစားေျဖခဲ့ပါတယ္။

အခု Covid ကတည္း ကပိတ္ထားတဲ့ေက်ာင္းကို ျပန္ဖြင့္ဖို႔ အမိန႔္စာထြက္လာေတာ့ ကြၽန္ေတာ္ ဆုံးျဖတ္ရေတာ့မဲ့ အခ်ိန္ေရာက္လာပါတယ္။ ဒီလို အေျခအေနေတြမွာ ၆လပဲ က်န္ေတာ့တဲ့ ေက်ာင္းကို ႀကိတ္မွိတ္ျပန္တက္ၿပီး ဘြဲရေအာင္ ယူမလား, ကိုယ္လိုခ်င္လြန္းလို႔ တစ္ႏွစ္ေလာက္ ညေနတိုင္း အပင္ပန္းခံခဲ့တာေတြကို လႊတ္ပစ္ၿပီး ေက်ာင္းနားမလား ဆိုတာပါ။ Master ယူဖို႔ ဆိုတာ ကြၽန္ေတာ့ အိမ္မက္ေတြထဲက တစ္ခုပါ။

အခုလို တိုင္းျပည္ ဒုကၡ ေရာက္ေနတဲ့အခ်ိန္မွာ ဘာမွမျဖစ္သလို ေက်ာင္းဆက္တက္ၿပီး ဘြဲ႔ရလာေတာ့လဲ တိုင္းျပည္အတြက္ သုံးေပးလိုမရေတာ့မဲ့ အတူတူ ဆက္မတက္ေတာ့ဘူးလို႔ ပဲ စိတ္မေကာင္းစြာ နဲ႔ဆုံးျဖတ္လိုက္ပါတယ္။ “ လိုေရးသားထားပါတယ္။

 

Photo-crd

 


LEAVE A REPLY

Please enter your comment!
Please enter your name here