“ရွှေဟင်္သာမြင်သာ ဝိပသနာ ကျောင်းတိုက် အတွင်းရှိ ဘုရားစေတီ အနေကဇာတင်နဲ့ ရေ စက်သွန်းချ အလှူပွဲ ကို ပြုလုပ်ခဲ့တဲ့ နေဆန်းတို့ မိသားစု”

0
386

သရုပ်ဆောင် နေဆန်းတို့ မိသားစုဟာ လတ်တလောမှာ အခက်အခဲဖြစ်နေတဲ့ သူတွေကို တက်နိုင်သလောက်လေး နဲ့ လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်က တောင်ဥက္ကလာပမြို့နယ် က ရွှေဟင်္သာမြင်သာ ဝိပသနာကျောင်း တိုက် အတွင်းမှာ နှစ်ထပ် ဆွမ်းစားကျောင်းဆောင်နဲ့ ဘုရားစေတီ အနေကဇာတင် ရေစက်ချ အလှူပွဲကို အကျဉ်းရုံး ပြုလုပ်ခဲ့တာ ပဲဖြစ်ပါတယ်။

“ဘုရားအမ ကျောင်းအမ ဒေါ်မေမေအုံး ဆောက်လုပ် လှူဒါန်းပြီးစီးသော ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ရွှေဟင်္သာမြင်သာ ဝိပသနာကျောင်းတိုက် အတွင်းရှိ နှစ်ထပ် ဆွမ်းစားကျောင်းဆောင် ရေစက်ချမင်္ဂလာ နှင့် ဘုရားစေတီ အနေကဇာတင် ရေစက်ချ အလှူပွဲလေးကို မေမေနေကောင်းကျန်းမာ တုန်းလေး ပြုလုပ်ပေးခဲ့ရလို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်ရှင်။🙏🙏🙏🙏🙏🙏 ကျွန်မတို့ မိသားစုရဲ့ကုသိုလ်လေး အမျှ အမျှ အမျှပါ အကျဉ်းရုံး၍ ပြုလုပ်ခဲ့ပါသော ဤအလှူပွဲလေးကို အခက်အခဲ အမျိုးမျိုး ကြားထဲကနေ ကြွရောက်ပေးပါသော ဆွေမျိုး မိတ်ဆွေသူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။” ဆိုပြီး အလှူပုံရိပ်တွေ နဲ့ အတူ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

Zaw Gyi




Photo -crd

Photo -crd

 


LEAVE A REPLY

Please enter your comment!
Please enter your name here