ဂျပန်ရေပိုင်နက်အတွင်း ဂျပန်နှင့် ရုရှား ငါးဖမ်းသင်္ဘောနှစ်စီး တိုက်မိ

0
89
တိုကျို၊ မေ ၂၇
ဂျပန်ရေပိုင်နက် အတွင်း ဂျပန်နှင့် ရုရှား ငါးဖမ်းသင်္ဘောနှစ်စီး ဗုဒ္ဓဟူးနေ့က တိုက်မိရာ ဂျပန် ငါးဖမ်းသမား ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ဟော့ကိုင်းဒိုးကျွန်း ကမ်းခြေမှ ၂၃ ကီလိုမီတာအကွာ ပင်လယ်ပြင်ထဲတွင် သင်္ဘောနှစ်စီး တိုက်မိကြခြင်းဖြစ်သည်။
“အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့အတွက် ကျွန်တော်တို့ရဲ့ ကင်းလှည့်ရေယာဉ်တစ်စီးကို အခင်းဖြစ်တဲ့နေရာဆီ လွှတ်ထားပါတယ်”ဟု ဂျပန်နိုင်ငံ ရေကြောင်းလုံခြုံရေးဌာနမှ တာဝန်ရှိသူကပြောသည်။
“ထိခိုက်ဒဏ်ရာရရှိသူတွေကို ကမ်းပေါ်သယ်တင်ပြီးဖြစ်တာကြောင့် သူတို့အသက်အန္တရာယ်အတွက် စိုးရိမ်စရာမရှိတော့ပါဘူး”ဟုလည်း သူကပြောသည်။
ရုရှားသင်္ဘောပေါ်မှသူများအားလုံးမှာမူ အခြေအနေကောင်းမွန်ကြကြောင်း သိရသည်။
Ref: Japan looks into circumstances of fatal ship collision
Photo: Kyodo via Reuters Connect


LEAVE A REPLY

Please enter your comment!
Please enter your name here