ကုလအထွေထွေ ညီလာခံဥက္ကဌ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံ

0
169

ဒါကာ၊ မေ ၂၇

၇၅ ကြိမ်မြောက် ကုလသမဂ္ ဂအထွေထွေညီလာခံဥက္ကဌ မစ္စတာ Volkan Bozkir သည် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ဖိတ်ကြားချက်အရ မေလ ၂၅ရက်နှင့် ၂၆ရက်များဝယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် အလည်အပတ်ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ် မစ္စဟာဆီနာနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မစ္စတာ Volkan Bozkir သည် မေလ ၂၅ ရက်နေ့က မစ္စဟာဆီနာနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး၊ ဘင်္ဂါလီဒုက္ခသည်များအရေး၊ မြန်မာနိုင်ငံ၏ အခြေအနေ၊ ရာသီဥတုပြောင်းလဲမှု၏ ရိုက်ခတ်မှု၊ လူသားဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကကိစ္စရပ်များ၊ အမျိုးသမီးများ တန်းတူ အခွင့်အရေးရရှိရန် ကြိုးပန်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေးနှင့် ယင်းကို ထိန်းသိမ်းတည်ဆောက်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂမှ သတင်းထုတ်ပြန်ထားသည်။

Ref: GENERAL ASSEMBLY PRESIDENT WRAPS UP HIS VISIT TO BANGLADESH


LEAVE A REPLY

Please enter your comment!
Please enter your name here