ကမ္ဘာ့ဖလား ခြေစစ်ပွဲများ အတွက် မြန်မာအသင်း ကစားသမားစာရင်း ထုတ်ပြန်

0
201
နေပြည်တော် မေ ၂၇
မေလ ၂၈ ရက်မှစတင်ကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာ လက်ရွေးစင်အသင်း၏ ကစားသမား (၂၄)ဦး စာရင်း ကို မြန်မာနိုင်ငံဘောလုံး အဖွဲချုပ်က ထုတ်ပြန်လိုက်သည်။
မြန်မာ အသင်း နည်းပြချုပ်အဖြစ် အန်တိုနီဟေးက တာဝန်ယူထားပြီး လက်ရှိ ဂျပန်နိုင်ငံသို ရောက်ရှိလေ့ကျင့်နေသည်။
မြန်မာအသင်းက (၂၀၂၂)ကမ္ဘာ့ဖလား ခြေစစ်ပွဲနှင့် (၂၀၂၃) အာရှဖလား ခြေစစ်ပွဲများကို မေ )၂၈)ရက်တွင် ဂျပန်၊ ဇွန်(၁၁)ရက်တွင် ကာဂျစ်စတန်နှင့် ဇွန် (၁၅)ရက်တွင် တာဂျစ်ကစ္စတန် အသင်းများကို ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း ၏လူစာရင်းတွင်
ဂိုးသမားများအဖြစ်ကိုကိုနိုင်၊ ဆန်းဆက်နိုင်၊ ပြည့်လျံအောင်
နောက်တန်းကစားသမားများမှာ ဇော်ရဲထွန်း ၊ရဲရင့်အောင်၊ ဒေးဗစ်ထန်၊ ရဲမင်းသူ ၊ စိုးမိုးကျော်၊ ဟိန်းထက်စည်သူ၊ သိန်းသန်းဝင်း တိုပါဝင်လာသည်။
ကွင်းလယ်ကစားသမားများအဖြစ် ရန်နိုင်ဦး၊ မောင်မောင်လွင်၊ ငြိမ်းချမ်းအောင်၊ လွင်မိုးအောင်၊ မောင်မောင်ဝင်း၊တင်ဝင်းအောင်၊ လှိင်းဘိုဘို၊ ထက်ဖြိုးဝေတိုဖြစ်သည်။
ရှေ့တန်းတိုက်စစ်ကို − ပြည်မိုး၊ဝင်းနိုင်ထွန်း၊သန်းထက်‌အောင် ဆောင်လမန်တိုပါဝင်လာသည်။
ဓါတ်ပုံ MFF


LEAVE A REPLY

Please enter your comment!
Please enter your name here