“ကိုဗစ်(၁၉) ကူးစက်နှုန်း မြင့်တက်လာသည့် အတွက်ပြည်တွင်း လေဆိပ်အချို့ ဇွန်လ (၁၀)ရက်နေ့ အထိ ပိတ်ထားမည်”

0
244

နေပြည်တော် မေ ၂၈

ယမန်နေ့က ပြည်တွင်း၌ ကိုဗစ် (၁၉)ရောဂါပိုး ကူးစက်ခံရသူ (၉၆)ဦး အထိ တွေ့ရှိခဲ့ရပြီးနောက် ယနေ့နေ့လည်ပိုင်းက စတင်ကာ ပြည်တွင်း လေဆိပ်အချို့ကို ဇွန်လ(၁၀)ရက်နေ့ အထိ လေယာဉ်ဆင်းသက်ခွင့် မပြုတော့ကြောင်း သိရသည်။

“နေ့လည်က ရုံးက အကြောင်းကြားလာတဲ့ အတွက် လက်မှတ် ဝယ်ထားသူတွေကို ငွေပြန်အမ်းပြီး ခရီးစဉ် ဖျက်သိမ်းကြောင်း ဖုန်းဆက် အသိပေးနေပါတယ်”ဟု မြန်မာ့ လေကြောင်းလိုင်း အရောင်းတာဝန်ခံ တစ်ဦးကဆိုသည်။

ဖျက်သိမ်းလိုက်သည့် ခရီးစဉ် နှင့်လေဆိပ် များမှာ မန္တလေး ၊မြိတ်၊ ထားဝယ် ၊ကော့သောင်း၊ ခန္တီး၊ ဟဲဟိုး၊ ကလေး၊ တာချီလိတ်လေဆိပ်တို့ ဖြစ်ပါတယ်။

ပြည်တွင်း ကူးစက်မှု လျော့‌ကျနေရာမှ ပြန်လည်မြင့်တက်လာသည့် အတွက် လေကြောင်း ခရီးစဉ်နှင့်လေဆိပ် အချို့ကို ယာယီ ပိတ်လိုက်ခြင်းဖြစ်ပြီး ကိုဗစ် (၁၉)ရောဂါပိုး ကူးစက်မှု အခြေအနေပေါ် မူတည်ကာ အစိုးရမှ လိုအပ်သလို တားမြစ်ခြင်းနှင့် ဖြေလျော့ခြင်းများ ပြုလုပ်သွားမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here