ရုပ်ရှင်မင်းသမီးကြီး ဒေစီကျော်ဝင်းကို ကျန်းမာရေး အတွက် သွားရောက် လှူဒါန်းခဲ့တဲ့ ခန့်စည်သူ

0
508

သရုပ်ဆောင် ခန့်စည်သူ က လတ်တလောမှာ အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေကို လိုက်လံပြီး ကူညီလျက်ရှိပါတယ်။ ယခုအခါမှာလည်း အနုပညာလောကထဲက ရုပ်ရှင်မင်းသမီးကြီး ဒေစီကျော်ဝင်းကို ကျန်းမာရေးအတွက် သွားရောက်ပြီး လှူဒါန်းဖြစ်တဲ့ အကြောင်းကို သူ့ ရဲ့ဖေ့ဘုတ်စ် စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“ ရုပ်ရှင်မင်းသမီးကြီး အမေဒေါ်ဒေစီကျော်ဝင်းထံ သွားရောက်ပြီး ကျန်းမာရေး အတွက် အလှူငွေနှင့် အခြေခံ စားသောက် ကုန်များဖြင့် ကန်တော့ခဲ့ပါတယ်။

နေကောင်းရဲ့လားအမေလို့မေးတော့၊
နေမကောင်းလည်း ကောင်းအောင်နေ နေရတာပေါ့ သားရယ်လို ပြန်ပြောပါတယ်။
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် အသက်ရာကျော်ရှည်ပါစေလို ဆုတောင်း ပေးခဲ့ပါတယ်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
လောကသားများမှ သွားရောက် ဂါရဝပြုလိုပါက (09)250648860 သို့တိုက်ရိုက် ဆက်သွယ်နိုင်ကြပါတယ်ခင်ဗျာ။ “ လိုရေးသားထား ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here