ကလောမြို့မှာ သီလရှင်ဝတ်ပြီး သာသနာ့ရိပ်သာကျောင်း တည်ဆောက်ဖို့ ပြုလုပ်နေတဲ့ ဆရာလေး မစရဏဉာဏီ (တဖြစ်လဲ) ဘောလုံးကစားသမား ဇင်မာဝမ်း

0
317

မြန်မာ့ လက်ရွေးစင်အမျိုးသမီး ဘောလုံးအားကစားသမား ဇင်မာဝမ်းဟာ လက်ရှိမှာ ဆရာလေး မစရဏဉာဏီ ဘွဲ့ နာမည်နဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း၊ လာရှိးမြို့၊ အတုလဇေယျဝံသီ သာသနာ့ရိပ်သာ (အထက်မန်အိုင်)မှာ တရား အားထုတ်လျက် ရှိပါတယ်။ သီလရှင်ဝတ်ပြီး ရက်ပေါင်း၉၀ အကြာ ရှိနေပြီဖြစ်တဲ့ အကြောင်းအရင်းမှာ ဆရာလေး မစရဏဉာဏီ ဦးဆောင်ပြီး သာသနာ့နယ်မြေမှာ ကျောင်းတော်ဆောက်လုပ်ရန် ပြုလုပ်နေခြင်းဖြစ်တယ် လို့ ပေါ်ပြူလာ ဂျာနယ်ကို အခုလိုပဲပြောပြခဲ့ပါတယ်။

“ ဆရာလေး သီလရှင်ဝတ်တာတော့ ရက်၉၀ကျော်ပါပြီ ။လူပြန်ထွက်ဖို့ ကတော့ ဘယ်အချိန်လောက်ဖြစ်မလဲ ဆိုတာ မပြောတက်သေး ဘူး။ ဘာဖြစ်လိုလဲဆိုတော့ ဆရာလေး ကိုယ်တိုင် ဦးစီးပြီးကျောင်းဆောက်ဖို့တွေ လုပ်နေရတယ်။ တရားအားထုတ်တဲ့ အချိန်ပြီးရင် ကျောင်းကြီးပြီးဖို့ အလှူရှင်တွေကို အလှူခံနေရတယ်။ ဆရာလေး ဦးစီးဦးဆောင်ပြုဆောင်ရွက်နေတဲ့ သာသနာပြု ကိစ္စပြီးတော့မှသာ လူထွက်ဖို့ စဉ်းစားဖြစ်တော့မယ်” လို ပေါ်ပြူလာကို အခုလိုပဲပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here