ရန်ကုန်မရမ်းကုန်း MCCခန်းမရှေ့တွင် လက်နက်ငယ်ဖြင့် ပစ်ခတ်မှုဖြစ်၊ (၃)ရပ်ကွက် ရာအိမ်မှူးဒဏ်ရာရသွား

0
187

ရန်ကုန် ၊ဇွန် ၁

ရန်ကုန် မရမ်းကုန်းမြိုနယ် MCC ခန်းမရှေ့တွင် လက်နက်ငယ်ဖြင့် ပစ်ခတ်မှုတစ်ခု ယနေ့မနက်ပိုင်းကဖြစ်ခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်က အမှတ် (၃)ရပ်ကွက် ရာအိမ်မှူး————သည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှ မိမိနေအိမ်သို ဆိုင်ကယ်ဖြင့် မင်းဓမ္မလမ်းအတိုင်း ပြန်လာစဉ် MCC ခန်းမရှေ့အရောက်တွင် လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကာ ပစ်ခတ်မှုဖြစ်စဉ်အသေးစိတ်ကိုမူ မသိရသေးပေ။

လက်ရှိတွင် လူနာအား စစ်ဆေးရုံ သို့ ပိုဆောင်၍ ဆေးကုသမှု ခံယူစေပြီး တာဝန်ရှိသူများက ဖြစ်စဉ်ကို စုံစမ်းနေကြောင်း သက်ဆိုင်ရာကပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here