မိခင်ဆုံးပါးသွားပြီဖြစ်တဲ့ သရုပ်ဆောင်ခွန်းဆင့်နေခြည်

0
126

သရုပ်ဆောင်ခွန်းဆင့်နေခြည်ရဲ့မိခင် ဒေါ်ဆွေဆွေသန်းဟာ ဇွန်လ (၁) ရက်နေ့ ညနေ ၅နာရီဝန်းကျင်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ခွန်းဆင့်နေခြည်ဟာ လက်ရှိမှာ အမေရိကန်နိုင်ငံ New York မြိုမှာ နေထိုင်နေပါတယ်။

သူမရဲ့မိခင်ဟာ နှလုံးထဖောက်တာကြောင့် အခုလိုမျိုး ရုတ်တရက် ဆုံးပါးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ပိုးမွေးသလိုမွေးပြီး လိုအပ်ချက် မရှိရလေအောင် အကုန်လုပ်ပေးတယ် မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ကြားမှာ အမေ ကျန်းမာနေပါတယ် ဒါပေမဲ့ နှလုံးဖောက်ပြီး 1.6.21 ညနေ 5:00 ဝန်းကျင်က ရန်ကုန် မှာ အမေ ဆုံးသွားပါပြီ အဝေးရောက်နေတဲ့ သမီး ရင်တွေ ကွဲရပါပြီ ပြန်လာလို့လည်း မရဘူး နေမထိထိုင်မသာနဲ့ အသဲအသန်တွေ ငိုကျွေးနေရပါတယ်” လို သူမရဲ့ Facebook စာမျက်နှာမှာ ဝမ်းနည်းကြေကွဲစွာ ဖော်ပြထားတာတွေ့ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here