ရန်ကုန် နည်းပညာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်အပါအဝင် တက္ကသိုလ်(၁၆)ခုမှ ဒုတိယ ပါမောက္ခချုပ်များ ရာထူးမှ ထုတ်ပယ်ခံရ

0
270

ရန်ကုန်၊ဇွန်(၂)

CDM ဆောင်ရွက်ခဲ့ကြသည့် ရန်ကုန် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေ အပါအဝင် တက္ကသိုလ်(၁၆)ခုမှ ဒုတိယပါမောက္ခချုပ် (၁၇)ဦးကို န.စ.က ပညာရေးဝန်ကြီးဌာနက ယခုရက်ထဲအမိန့်စာထုတ်ပြန်ကာ ရာထူးမှထုတ်ပယ်လိုက်သည်ဟု သိရသည်။

ရာထူးမှ ထုတ်ပယ် ခံလိုက်ရသည့် တက္ကသိုလ်(၁၆)ခုမှ ဒုတိယပါမောက္ခချုပ် (၁၇)ဦးတို့မှာ လားရှိးတက္ကသိုလ်မှ ဒုပါချုပ်ဒေါက်တာ လှလှတင်၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဒုပါချုပ် ဒေါက်တာနွယ်နွယ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ် ဒုပါချုပ်ဒေါက်တာစိုးယုမော်၊ နည်းပညာတက္ကသိုလ်(မန္တလေး) ဒုပါချုပ်ဒေါက်တာရန်အောင်ဦး၊ မန္တလေးနည်းပညာတက္ကသိုလ် ဒုပါချုပ်ဒေါက်တာမျိုးမြင့်၊ ရတနာပုံ တက္ကသိုလ် ဒုပါချုပ်ဒေါက်တာစီစီခင် ၊ကျောက်ဆည်တက္ကသိုလ် ဒုပါချုပ်ဒေါက်တာစုစုဝင်း၊ လေကြောင်း နှင့် အာကာသ ပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များဖြစ်သည့် ဒေါက်တာကျော်မိုးခိုင်၊ ဒေါက်တာနှင်းဆီ၊ရတနာပုံဆိုင်ဘာစီးတီး ဒုပါချုပ်ဒေါက်တာရီနူး၊ သတင်း အချက် အလက်နှင့် နည်းပညာတက္ကသိုလ် ဒုပါချုပ် အိချောထွန်း၊ ရန်ကုန်နည်းပညာတက္ကသိုလ် ဒုပါချုပ်ဒေါက်တာသိင်္ဂီရွှေ ၊ပြည်နည်းပညာ  တက္ကသိုလ် ဒုပါချုပ်ဒေါက်တာကျော်မျိုးလင်း၊ နည်းပညာတက္ကသိုလ် (ထားဝယ်) ဒုပါချုပ်ဒေါက်တာကျော်ကျော်လင်း၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)ဒုပါချုပ် ဒေါက်တာခင်အေးသန်း၊ ဟင်္သာတတက္ကသိုလ် ဒုပါချုပ်ဒေါက်တာမာလာ၊ မန္တလေး နည်းပညာ တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်ဒေါက်တာအိအိထွေးတိုဖြစ်သည်ဟုသိရသည်။

န.စ.က ပညာရေးဝန်ကြီးဌာနက အရာထမ်း(၁၇)ဦးအား ရာထူးမှ ထုတ်ပယ်လိုက်သည့် အပြင် ဝန်ထမ်း(၂)လစာချေးငွေ အမြန်ဆုံး ပြန် လည်ပေးသွင်းရန်နှင့် မပေးသွင်းပါက တရားစွဲဆို သွားမည်ဟုလည်း သတိပေးထားသည်။ ယင်းအပြင် ပြစ်ဒဏ်နှင့် ပတ်သက်၍ကျေနပ်မှု မရှိလျှင် (၆)လ အတွင်း အယူခံ တင်သွင်းနိုင်ကြောင်းလည်း န.စ.က ပညာရေးဝန်ကြီးဌာနက ၎င်းတို့အားအကြောင်းကြောင်းထားသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here