အီရန် ရေနံချက်စက်ရုံတစ်ခု မီးလောင်

0
233
တီဟီရန်၊ ဇွန် ၃
အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်မြို့တောင်ဖက်ရှိ ရှာဟစ်တွန်ဂူယန် ရေနံချက်စက်ရုံ မီးသင့်လောင်ကျွမ်းမှု ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည်။
“ရေနံချက်စက်ရုံထဲက ဂက်စ်အရည်ပိုက်တစ်ခု ပျက်စီးသွားတာကြောင့်ပါ။ ဒါပေမယ့် ကြီးကြီးမားမား ပျက်စီးမှုမရှိပါဘူး”ဟု တီဟီရန်မြို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ မန်နေးဂျင်းဒါရိုက်တာကပြောသည်။
လူသူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း တီဟီရန် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဌာနမှဆိုသည်။
Ref: Fire erupts in oil refinery in Iran’s capital


LEAVE A REPLY

Please enter your comment!
Please enter your name here