‘ZT ဒေသထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး’ လုပ်ငန်းကို စတင်လိုက်တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်

0
188

ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ ZT ဆိုတဲ့ အမည်နဲ့ ဒေသထွက်ကုန် ပစ္စည်း များရောင်းချသွားမယ့် ဆိုင်တစ်ဆိုင်ကို ဇွန်လ ၁၇ရက်နေ့ မှာ စတင် ဖွင့်လှစ်တော့ မှာဖြစ်ပါတယ်။

၎င်းဆိုင်ကတော့ စမ်းချောင်းမြို့နယ် မှာ ရှိတဲ့ မြေနီကုန်းပလာဇာ၊ မြေညီထပ်မှာ တည်ရှိတာဖြစ်ပြီး ဆိုင်ဖွင့်ချိန် ကတော့ မနက် ၉နာရီမှ ညနေ ၄နာရီခွဲ အထိဖြစ်ပါတယ်။

Online မှ Delivery ဖြင့် မှာယူလိုသူတွေ အနေနဲ့ကတော့ ဇွန်လ ၁၀ရက်နေ့ မှစတင်ပြီး မှာယူနိုင်မှာ ဖြစ်ပါတယ်။

၎င်းဆိုင်မှာ ဒေသထွက်ကုန်ပစ္စည်းတွေ အပြင် ‘ရွှေဆင့်’ မှ မြိတ်ဒေသထွက် စားသောက်ကုန်များကိုလည်း ထည့်သွင်းရောင်းချပေးသွား မှာဖြစ်ပါတယ်။

ဒါ့အပြင် ဒါရိုက်တာ စင်ရော်မောင်မောင်က “သားလေးမင်းသန့် အတွက် ကျွန်တော်တို ဖွင့်လှစ်ပေးခြင်းဖြစ်ပါသည်” လို သူ့ရဲ့ Facebook page မှတစ်ဆင့် မျှဝေထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here