တရုတ်လေပိုင်နက်အတွင်း အမျိုးမသိယာဉ်ပျံများကိုလေ့လာဆန်းစစ်ရန် UFO Task Force ဖွဲ့စည်းထားဟုဆို

0
218

ဟောင်ကောင်၊ ဇွန် ၇

တရုတ်နိုင်ငံလေပိုင်နက်အတွင်း အမျိုးအမည်မသိဖြစ်စဉ်များ၊ အမျိုးအမည် မသိယာဉ်ပျံများ (ပန်းကန်ပြားပျံမျာ )းကိုလေ့လာ ဆန်းစစ်ရန်အတွက် တရုတ်လွတ်မြောက်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်တို့က အဆင့် ၃ ဆင့်ဖြင့် ဆန်းစစ်လေ့လာနေကြောင်း ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းစာက ရေးသားဖော်ပြထားသည်။

ထိုသို့သော အမျိုးအမည်မသိ ယာဉ်ပျံများနှင့်ပတ်သက်၍ စစ်တပ်၏ရေဒါစခန်းများ၊ လေတပ် လေယာဉ်မှူးများ၊ ရဲစခန်းများ၊ မိုးလေဝသ စခန်းများ နှင့် တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ၏ လေ့လာချက်များအပေါ်အမှီပြု၍ ခွဲခြားဆန်းစစ်လျှက်ရှိသည်။

ထို့အပြင် တရုတ်လွတ်မြောက်ရေး တပ်မတော်တွင် UFO Task Force ကိုပါ ဖွဲ့စည်းထားပြီး အသိဉာဏ်တုနည်းပညာကိုပါအသုံးပြုကာ ရရှိသမျှ အချက်အလက်တို့ကို ဆန်းစစ်လေ့လာနေကြောင်း South China Morning Post သတင်းစာကဆိုသည်။

အမေရိကန်ပြည်ထောင်စု စစ်ဌာနချုပ်ဖြစ်သည့် ပင်တဂွန်ကလည်း အမေရိကန်ရေတပ် စစ်ရေယာဉ်များ အနီးတဝိ်ုက်ဝယ် အမျိုး အမည်မသိယာဉ်ပျံများ ပျံဝဲနေသော ဗီဒီယိုဖိုင်သည် အစစ်အမှန်ဖြစ်ကြောင်း မေလ လကုန်ပိုင်းက အတည်ပြုပြောကြားခဲ့သည်။ အမျိုးအမည်မသိ ယာဉ်ပျံ ၁၄ ခုသည် အမေရိကန်စစ်သင်္ဘောများအနီးတဝိုက် ပျံဝဲနေကြသည်ကို ယင်းဗီဒီယိုဖိုင်တွင် တွေ့ရသည်။

Ref: Chinese military has its own UFO task force… and it’s been ‘overwhelmed’ by surge in sighting reports – media

Photo: REUTERS/Aly Song

See Less


LEAVE A REPLY

Please enter your comment!
Please enter your name here