CDM ပြုလုပ်မှုဖြင့် ရာထူးမှ ထုတ်ပယ် ခံလိုက်ရသော တက္ကသိုလ်ဆရာ ၊မများ နိုင်ငံတော်က ထုတ်ပေးထားသော ချေးငွေနှင့် အသုံးအဆောင် ပစ္စည်းများ ယခုလကုန် နောက်ဆုံးထားအပ်ရန် တာဝန်ရှိသူများက ညွှန်ကြားနေဟုဆို

0
233

(ရန်ကုန်၊ ဇွန် ၇)

CDM ပြုလုပ်မှူဖြင့် ရာထူးမှ ထုတ်ပယ်ခံလိုက်ရသော တက္ကသိုလ်ဆရာ၊မ များအား နိုင်ငံတော်က ထုတ်ပေးထားသောချေးငွေနှင့် အသုံး အဆောင် ပစ္စည်းများ ယခုလကုန် နောက်ဆုံးထားအပ်ရန် တာဝန်ရှိ သူများက ညွှန်ကြားလျှက် ရှိနေကြောင်း သိရသည်။

မေလကုန်နှင့် ယခုဇွန်လဆန်း အတွင်း CDMကြောင့် ရန်ကုန် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် အပါအဝင် တက္ကသိုလ် ၁၅ခု ထက် မနည်းမှ ဒုတိယပါမောက္ခချုပ်များ၊ အဝေးသင် တက္ကသိုလ်နှင့် အခြားသော တက္ကသိုလ်နှင့် ဒီဂရီကောလိပ်တို့ မှ ရာနှင့်ချီသော ပါမောက္ခ (ဌာနမှူး)များ၊ ကထိကနှင့် နည်းပြများ ရာထူးမှ ထုတ်ပယ် ခံလိုက်ရရာ အဆိုပါ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် နိုင်ငံတော် က ပေးအပ်ထားသော နိုင်ငံတော်ပိုင် အိမ်ခန်း ၊မော်တော်ယာဉ်နှင့် ပစ္စည်းများ ၃၀-၆-၂၀၂၁ရက် နောက်ဆုံးထားပြန်လည် အပ်နှံရန် တက္ကသိုလ် တာဝန်ရှိသူများက ညွှန်ကြားနေခြင်း ဖြစ်သည်ဟု သိရှိရသည်။

ယင်းအပြင် နိုင်ငံတော်က အတိုးမဲ့ ထုတ်ချေးပေးထားသော လစာ(၂)လနှင့် ညီမျှသည့် ငွေကြေးအား လည်း ၃၀-၆-၂၀၂၁ရက် နောက်ဆုံး ထားပြန်လည် ပေးသွင်းရန်ပါ တက္ကသိုလ် တာဝန်ရှိသူများက စာထုတ်တောင်းဆိုထားသည် ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here