အိန္ဒိယတွင် ပထမဆုံးတွေ့ရှိသော COVID-19 မျိုးကွဲဗိုင်းရပ်စ် ပြင်သစ်တွင် ကူးစက်လာနိုင်ဖွယ်ရှိဟုဆို

0
102
နှာခေါင်းစည်းမတပ်ကြတော့သော ပြင်သစ်နိုင်ငံသားအချို့အား ပြင်သစ်နိုင်ငံမြောက်ပိုင်းတွင် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်(Photo by Sebastien Courdji/Xinhua)
နှာခေါင်းစည်းမတပ်ကြတော့သော ပြင်သစ်နိုင်ငံသားအချို့အား ပြင်သစ်နိုင်ငံမြောက်ပိုင်းတွင် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်(Photo by Sebastien Courdji/Xinhua)

ပါရီ၊ ဇွန် ၉

အိန္ဒိယနိုင်ငံတွင် ပထမဆုံး ရှာဖွေတွေ့ရှိသော ဒယ်လ်တာမျိုးကွဲ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်သည် ပြင်သစ်နိုင်ငံသို့ ကူးစက် လာနိုင်ဖွယ် ရှိကြောင်း ပြင်သစ်နိုင်ငံ သိပ္ပံကောင်စီ အကြီးအကဲ ယန်း ဖရန်းစစ်ဒယ်လ်ဖရေစီက ပြင်သစ်အစိုးရအား အင်္ဂါနေ့က သတိပေးခဲ့သည်။
“နွေရာသီအကုန်မှာ အားလုံး အဆင်သင့်ဖြစ်နေအောင် ကျွန်တော်တို့ လုပ်သင့်ပါတယ်။ လာမယ့် စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာလ မှာ ကပ်ရောဂါကူးစက်မှု အခြေအနေကို စောင့်ကြည့်သင့်တယ်”ဟု သူကပြောသည်။
အဆိုပါ ဒယ်လ်တာမျိုးကွဲ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်သည် အိန္ဒိယနိုင်ငံတွင် ကူးစက်ပြန့်ပွားမှုများစွာဖြစ်စေခဲ့သည်။
“စတုတ္ထလှိုင်းကတော့ ပထမလှိုင်းနဲ့ အများကြီးကွာခြားသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ကာ ကျွန်တော်တို့မှာ ကာကွယ်ဆေး ရှိနေ ပြီလေ။ သူ့ကို ကာကွယ်မှုပြုထားတာကို ဒီဗိုင်းရပ်စ်တွေ့မှာပဲ”ဟုလည်း ဒယ်လ်ဖရေစီကပြောသည်။
ပြင်သစ်နိုင်ငံပြည်သူ ၁၂ ဒသမ ၅ သန်းကျော်မှာ COVID-19 ကာကွယ်ဆေး ၂ကြိမ် ထိုးနှံပြီးကြကာ၊ ၂ ဒသမ ၈ သန်းကျော်မှာ အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးသူများဖြစ်ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။ ပြင်သစ်နိုင်ငံတွင် လူဦးရေ ၆၅သန်းခွဲ ခန့်ရှိသည်။
Ref: France’s top health advisor warns of COVID-19 resurgence in autumn


LEAVE A REPLY

Please enter your comment!
Please enter your name here