မန္တလေးတိုင်း ပုသိမ်ကြီးမှာ ရဲနှစ်ယောက် သေနတ်ပစ်ခံရလို့ သေဆုံး

0
135

နေပြည်တော် ဇွန် (၁၀)

မနေ့ကနေ့လည်ပိုင်းက ဆိုင်ကယ် နဲ့ ကင်းလှည့်နေတဲ့ ရဲ နှစ်ယောက်ကို နောက်ကနေ ကားနဲ့ဝင်တိုက်ခဲ့ပြီး သေနတ် တွေနဲ့ ပစ်ခတ်ခံ ခဲ့ရတယ်လို့ သိရပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင် ကျေးရွာအနားမှာ ဆိုင်ကယ်နဲ့ လှည့်ကင်း လှည့်နေချိန် Double Cub
ခဲရောင်ယာဉ်ကနေ ဆိုင်ကယ်ကိုနောက်က ဝင်တိုက်ပြီး ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၇ ဦးခန့်က M-16 သေနတ်တွေနဲ့ ပစ်ခတ် ခဲ့တာလို နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ဖွဲဝင် တစ်ဦးကအခင်း ဖြစ်ပွားတဲ့ နေရာမှာ သေဆုံးခဲ့ပြီး ကျန်တစ်ဦးကတော့ မန္တလေးပြည်သူ့ဆေးရုံကြီး မှာ ကုသနေစဉ် ညနေ ၄ နာရီ ကျော် ရရှိတဲ့ ဒါဏ်ရာတွေကြောင့် သေဆုံးခဲ့တယ်လို့သိရပါတယ်။

ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီးပုသိမ်ကြီးမြိုနယ်၊ ရွေးစုကျေးရွာမှာ မနေ့ ညက လက်နက်ခဲယမ်းများ ဝှက် ထားတဲ့ နေရာကို ဖော်ထုတ်ရခဲ့ကာ လက်နက် ၂၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို ထုတ်ပြန်ခဲ့ပါတယ်။

ပစ်ခတ်သူတွေကိုတော့ ဖမ်းမိဖိုအတွက်စုံစမ်း စစ်ဆေးနေတယ်လို သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here