ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နိုင်ငံ့တာဝန်များ ထမ်းဆောင်နေလျှက်ရှိကြောင်း နစက ထုတ်ပြန်

0
301

နေပြည်တော် ဇွန် (၁၁)

ပြင်ဦးလွင် အနီးစခန်းအနီး ပျက်ကျ‌ခဲ့သော တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ်တွင် နစက ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပါဝင်သွားတယ်လို့ လူမှုကွန်ယက်မှာ သတင်းတွေ ထွက်နေတာ နဲ့ပတ်သက်လို့ နစကရဲ့ သတင်းထုတ်ပြန်ရေး အဖွဲက ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နိုင်ငံ့တာဝန်များ ထမ်းဆောင်နေလျှက် ရှိပြီး မြေယာမူဝါဒ အစည်းအဝေးကို ဒီကနေ့ တက်ရောက်ခဲ့တယ်လို့ အသိပေး ခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီကနေ့မှာ လေယာဉ်ပျက်ကျ မှုကြောင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားတဲ့ ဈေးကုန်းဆရာတော်ဘုရားကြီး ရုပ်ကလပ်ကိုလည်း သွားရောက် ကြည်ညိုခဲ့ပြီး နိုင်ငံပိုင် (၈)နာရီသတင်းမှာ ၎င်း ရဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်နေမှု အခြေအနေတွေကို ထုတ်လွှင့်သွားမယ်လို့ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here