ချင်းပြည်နယ် ကို ပို့ပေးတဲ့ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ မီးရှို့ ဖျက်ဆီးခံရကြောင်း နစက အစိုးရ ထုတ်ပြန်

0
97

နေပြည်တော် ဇွန် ၁၄

အခုလ ပထမပတ် အတွင်းက ဟားခါးခရိုင် ပညာရေးဦးစီးဌာန အတွက် (KG)တန်းမှ (Grade-4)တန်း အထိ ကျောင်းသုံးပုံနှိပ်စာအုပ် ၁၂၇၇၉၇ (တစ်သိန်းနှစ်သောင်းခုနှစ်ထောင့်ခုနှစ်ရာကိုးဆယ့်ခုနှစ်) အုပ် တင်ဆောင်တဲ့ ကုန်တင်ယာဉ်(၂)စီးကို ရွာဗန်းကျေးရွာအနီး ဂန့်ဂေါ-ဟားခါး သွားကားလမ်း မိုင်တိုင် ၃၅ နှင့် ၄၀ အကြားတွင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ အင်အားစု များမှ တားဆီး ထိန်းသိမ်းခဲ့ပြီး ယာဉ်ပေါ် တင်ဆောင်လာသော ကျောင်းသုံး ပုံနှိပ်စာအုပ်များအား ယာဉ်ပေါ်မှ ချထားခိုင်းကာ ယာဉ်များ အားနောက်ကြောင်း သို့ ထွက်ခွာစေခဲ့တယ်လို့ သိရပါတယ်။

၎င်းနေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ ပုံနှိပ် စာအုပ်ထုပ်များ ချထားခဲ့သည့်နေရာတွင် မီးရှို့ဖျက်ဆီးထားသည့် အခြေအနေကို တွေ့ရှိခဲ့ရတယ်လို့ နစက က ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်နယ် အတွင်းက ကလေးငယ်များ အတွက် ကျောင်းဖွင့်ရာသီ အတွင်း ပညာတတ်မြောက်စေရေး အတွက် နိုင်ငံတော် အစိုးရက စီမံမှုဆောင်ရွက်ပေးနေတာ ကို လက်နက်ကိုင်အဖွဲ့ တချို့က ဖျက်စီးခဲ့တယ်လို့ နစကအစိုးရ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here