ဖေဖော်ဝါရီလ(၁)ရက်နေ့က စတင်ပြီး အခုလဆန်း အထိ တစ်နိုင်ငံလုံးရှိ ရုံး အဆောက်အအုံ (၂၆၀)ကျော် ဖျက်စီးခံ ခဲ့ရကြောင်း နစက အစိုးရ ထုတ်ပြန်

0
84

နေပြည်တော် ဇွန် (၁၅)

နိုင်ငံတော်စီမံ အုပ်ချုပ်မှုကောင်စီ(နစက) က နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို စတင်တာဝန်ယူချိန် ဖေဖော်ဝါရီ(၁)ရက်နေ့ကနေ အခုလ (၁၀)ရက်နေ့အထိ နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးက ရုံးအဆောက်အအုံ (၂၆၂)ခု မီးရှိဖျက်စီး ခံလိုက်ရတယ်လို့ နစက အစိုးရ က ထုတ်ပြန်အသိပေး လိုက်ပါတယ်။

အစိုးရ ရုံးစိုက်ရာ နေပြည်တော် ရှိမြိုနယ်(၄)ခုက ရုံး အဆောက်အအုံ (၇)ခုအပါအဝင် တစ်နိုင်ငံလုံးက မြိုနယ်ပေါင်း (၁၃၇)ခုမှာ ရုံးအဆောက်အအုံတွေ မီးရှိဖျက်စီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း အတွင်းမှာတော့ မြို့နယ်(၃၁)မြို့နယ်မှာ မီးရှိဖျက်စီးခံရတဲ့ ရုံးအဆောက်အအုံ (၆၃)ခုအထိ ရှိခဲ့ပြီး အများဆုံးဖြစ်ပွားခဲ့တာကို သိရပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးက ရဲစခန်း(၉၅)ခု နဲ့ရဲကင်း(၃၇)ခုကိုလည်း အကြမ်းဖက် ခံခဲ့ရတယ်လို့ နစက အစိုးရက ထုတ်ပြန် အသိပေးထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here