“အသက်အရွယ်ကြီးသူတွေ၊ ကလေးအမေတွေ၊ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို အလှူငွေများ လှူဒါန်းဖြစ်နေတဲ့ မေနွယ်ထွန်း”

0
154

မော်ဒယ် သရုပ်ဆောင်မေနွယ်ထွန်းက လတ်တလော အနုပညာ အလုပ်တွေ မလုပ်ရသေးတဲ့ အချိန်မှာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ ကို ဆက်တိုက် ကူညီလျက်ရှိပါတယ်။ အခက်အခဲဖြစ်နေတဲ့သူတွေ မှာ ကလေးအမေတွေ၊ အသက်ကြီးနေတဲ့ အဘိုးအဘွားတွေ ၊ဈေးရောင်း ဖို့ အရင်းမရှိတဲ့သူတွေကို အရင်းထုတ်ပေးပြီး ကူညီလျက်ရှိပါတယ်။

အခက်အခဲဖြစ်နေတဲ့သူတွေကို အခုလိုကူညီဖြစ်တဲ့ အကြောင်းအရင်းကို မေနွယ်ထွန်းက အခုလိုပဲပြောပြခဲ့ပါတယ်။

” အခုကာလမှာ ကိုဗစ်က နှစ်နှစ်နဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် လူတွေတော်တော်စားဝတ်နေရေး ကျပ်တည်းကြတယ်။ ဆွိကို တချို့ က အကူညီလာတောင်းကြတယ် တစ်သောင်းလောက်ပေးပါ၊ ၅၀၀၀လောက် ကူညီပါ ဆိုပြီးလာတောင်းကြတာတွေ ရှိတယ်။ အဲ့တော့ စဉ်းစားမိတာ ငါအဲ့လိုသာ တောက်လျှောက်ပေးနေရင် သူတိုလဲ ပေးတဲ့ ခဏပဲ အစဉ်ပြေမယ် ပြီးရင်ထပ်ပြီး လိုရင် ဒုက္ခရောက်ကြဦးမယ် ဆိုပြီးတွေးမိတယ်။ အဲ့ဒါကြောင့် တကယ် အဆင်မပြေတဲ့သူတွေ အရင်းပြုတ် သွားတဲ့သူတွေကို အရင်း ထုတ်ပေးမယ် လာပြောဖို့ Fb မှာ post တင်လိုက်တယ်။ အဲ့ဒီမှာ တကယ် ခက်ခဲပြီး အလုပ်လဲ ကြိုးစား လုပ်တဲ့သူတွေ မိသားစု၊ မိဘ သက်ကြီး ရွယ်အိုတွေက အကူညီ လာတောင်းကြတာ။ အဲ့ကနေမှ အလှုရှင်တွေ ပေါ်လာတယ်။ ပိုလှူဖြစ်တယ်။ တယောက်ကို ၅သောင်း အရင်းထုတ်ပေးတယ်။ အသက်၈၀ ၊၉၀ အဖိုးတွေ အဖွားတွေ ဈေး အခုချိန်ထိရောင်းနေရတုန်းဆို လှူဖြစ်ပါတယ်။ ပြီးတော့ နို့ မှုန့်တောင် မတိုက်နိုင်တဲ့ ကလေးတွေတို ကျန်းမာရေး အတွက် ဆေးဖိုး မတတ်နိုင်တာတို့ ကိုယ်ဝန်ဆောင်တွေကို လှူဖြစ်ပါတယ်။” လိုပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here