RSO အဖွဲ့က စစ်တပ်ကို တိုက်ခိုက်မယ်လို့ ပြောတာဟာ တပ်မတော်ကို တိုက်ခိုက်တာ မဟုတ်ဘဲ နိုင်ငံတော် ကို တိုက်ခိုက်တာလို့ ယူဆကြောင်း နစကအစိုးရ တုန့်ပြန်

0
581

နေပြည်တော် ဇွန် ၁၆

ရခိုင်ပြည်နယ် အတွင်း အဓိက လှုပ်ရှားနေတဲ့ RSO လက်နက်ကိုင် အဖွဲ့အနေနဲ့ စစ်တပ်ကို တိုက်ခိုက်မယ် လို့ပြောဆိုလိုက်ခြင်းက တပ်မတော်ကို တိုက်ခိုက်တာလို့ ယူဆမရဘဲ နိုင်ငံတော်ကို တိုက်ခိုက်တာ၊ နိုင်ငံသူ ၊နိုင်ငံသားများကို တိုက်ခိုက်တာဖြစ်တယ်လို နစက အစိုးရ က တုန့်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက RSO အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးရဲ့ စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ပြောဆိုနေတဲ့ ရုပ်သံဗီဒီယိုတစ်ခု ထွက်ပေါ်လာတဲ့ အပေါ်မှာ နစက အစိုးရရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က အခုလို တုန့်ပြန်လိုက်တာဖြစ်ပါတယ်။


၂၀၁၇မှာ ပေါ်‌ပေါက်ခဲ့တဲ့ ARSA အမည် ကို မသုံးဘဲ RSO အမည်ကို သုံးတာလည်း အကြောင်း များစွာရှိပြီး ARSA ကို မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့ အဖြစ် သက်မှတ်ထားတဲ့ အပြင် နိုင်ငံတကာ ကလည်း ၎င်းကဲ့သို့ နားလည်သဘောပေါက်နေတာကြောင့် ယခင် သမိုင်းကြောင်းနာမည် ရှိခဲ့သော အနောက်နိုင်ငံများနှင့် ပိုမို အဆက်အသွယ်ရှိသော RSO နာမည်သုံးခြင်းဖြစ်နိုင်တယ်လို့လည်း နစကအစိုးရ က ထုတ်ပြန်ထားပါတယ်။

အခု လူမှုကွန်ယက်မှာထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင် က အေးချမ်းစွာ နေထိုင်နေတဲ့ မွတ်စလင် အသိုင်းအဝိုင်းကို ဆူပူအုံကြွမှု များဖြစ်လာစေရန် လှုံ့ဆော်မှုဖြစ်ပြီး ပြည်တွင်း မငြိမ်မသက် ဖြစ်အောင် ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့ တုန့်ပြန်လိုက်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here