အကဆရာမ၊ ရုပ်ရှင်မင်းသမီး မိုးနတ်သူဇာ သီတာဝင်းကို ရည်းစူး လှူဒါန်းခဲ့ကြတဲ့ မိတ်ဆွေ၊ အကတပည့်များ

0
128

ဒေါ်မြသက်မော် (ခ) အကဆရာမ၊ ရုပ်ရှင်မင်းသမီးကြီး မိုးနတ်သူဇာ သီတာဝင်းဟာ ပြီးခဲ့တဲ့မေလ ၉ရက်နေ့က ဘဝတစ်ပါးပြောင်းရွှေ့ ကွယ်လွန် သွားခဲ့ပြီဖြစ်ပါတယ်။

သူမရဲ့အက တပည့်များ နဲ့ မိတ်ဆွေများက ဇွန်လ ၁၂ရက်နေ့ Los Angles မြိုမှာ သူမအတွက် ရည်စူးပြီးတော့ Grand View ဗုဒ္ဓ ဘာသာကျောင်းမှာ လှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

၎င်းကျောင်းတော်ကြီးဟာ ၁၉၉၃ ခုနှစ်က တည်ဆောက်ခဲ့တဲ့ Los Angles ရဲ့ ပထမဦးဆုံး မြန်မာ ဗုဒ္ဓဘာသာကျောင်း တစ်ကျောင်းဖြစ်ပါတယ်။
အကတပည့်များ နဲ့မိတ်ဆွေများက ၎င်းဘုန်းကြီးကျောင်း မှာဆောက်လုပ်နေတဲ့ တိုးချဲ့ကျောင်းဆောင်သစ် အတွက် ဒေါ်လာ ၁၂၅၀ ကို မိုးနတ်သူဇာသီတာဝင်း အမည်ဖြင့် လှူဒါန်းပေးခဲ့ကြတာဖြစ်ပါတယ်။

မိုးနတ်သူဇာ သီတာဝင်း အနေနဲ့လည်း Grand View မြန်မာဗုဒ္ဓဘာသာကျောင်းတော်ကြီး စတင်ဆောက်လုပ်ခဲ့စဉ်က ရံပုံငွေဖျော်ဖြေပွဲ တစ်ခုမှာလည်း ပါဝင်ကူညီဖျော်ဖြေပေးခဲ့ဖူးကြောင်း သိရပါတယ်။

မိတ်ဆွေများနဲ့ အကတပည့်များက သူမကို ရောက်ရာဘုံဘဝမှ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်စေရန် လှူဒါန်းအမျှဝေ ဆုတောင်းပေး ခဲ့ကြတာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here