မော်တော်ယာဉ်များ ကိုဖောင်းကြွ နံပါတ်ပြား များ ပြောင်းလဲတပ်ဆင်ရမည်

0
103

နေပြည်တော် ဇွန် ၁၇

မော်တော်ယာဉ်ဖောင်းကြွ နံပါတ်ပြား တွေကို ခေတ်ကာလ နဲ့လျော်ညီစွာ နိုင်ငံတကာ ပုံစံများအတိုင်း ဖြစ်စေဖို့ ပြောင်းလဲ တပ်ဆင် ရမယ်လို့ ပိုဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ကနေ ကြေညာလိုက်ပါတယ်။

နိုင်ငံတကာမှာ အသုံးပြုနေတဲ့ မော်တော်ယာဉ် နံပါတ်ပြား များနည်းတူ လုံခြုံရေး ပိုင်ဆိုင်ရာ အချက်အလက် (Security feature) များ ထည့်သွင်း ရိုက်နှိပ်ပြီး အသုံးပြုတပ်ဆင်ပေးမယ်လို့ သိရပါတယ်။

မော်တော်ယာဉ် များတွင် တပ်ဆင် ထားတဲ့ လက်ရှိဖောင်းကြွ နံပါတ်ပြားများ အစား တိုင်းဒေသကြီး/ပြည်နယ် များ အပြင်မြို့နယ်နှင့် ကားအမျိုးအစား များပါ ထပ်တိုးပါဝင်သွားမယ်လို့ သိရပါတယ်။

အခုလို ပြင်ဆင်ပြောင်းလဲ လိုက်တာက တရားမဝင် ယာဉ်များတားဆီးရေးနဲ့ မော်တော်ယာဉ်ရဲ့မြို့နယ်နဲ့ အမျိုးအစားကိုပါ အလွယ်တကူ သိနိုင်မယ်လို့ ကညနက ထုတ်ပြန်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here