ဖမ်းဆီးထိမ်းသိမ်းခံ ၂၄ ဦးကို AA မှ ပြန်လည် လွှဲအပ်‌

0
195

မြောက်ဦး၊ ဇွန် ၁၇

ရခိုင့်တပ်မတော် AA မှ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိမ်းသိမ်း ထားသည့် အရပ်သား၊ ဌာနဆိုင်ရာဝန်ထမ်း၊ ရဲနှင့် တပ်မတော် တပ်ဖွဲ့ဝင် အချို့ ထဲမှ ယနေ့ဇွန် ၁၇ ရက်နေ့ နေ့လည်တွင် ၁၈ ယောက်ပြန်လွှတ်ပေးလိုက်သည်။ ဇွန် ၁၆ နေ့လည်က လည်း ၆ဦးပြန် လွှတ်ပေးခဲ့သဖြင့် စုစုပေါင်း ၂၄ ဦးပြန်လည် လွှဲပြောင်းပေးပြီဖြစ်သည်။

မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာတွင် တပ်မတော်မှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

အေအေ ဘက်မှ ဗိုလ်မှူးကြီးထွန်းဝေ နှင့် ဗိုလ်မှူးထိပ်ချွန်း ၊ တပ်မတော်ဘက်မှ ဒု-ဗိုလ်မှူးကြီး အောင်ဇော် နဲ့ ဗိုလ်မှူးဌေးနိုင်ဝင်း တို့ တာဝန်ယူပြီး လွှဲပြောင်း လက်ခံယူခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here