အခွန်နှုန်းထား ပြောင်းလဲလျှော့ချ ကောက်ခံမှုကြောင့် အိမ်ခြံမြေ၊ ကားဈေးကွက်များ လှုပ်ခတ် လာနိုင်

0
193

နေပြည်တော် ဇွန် ၁၈

နစက အစိုးရ က သိန်း(၁၀၀၀) အထိကို (၃)ရာခိုင်နှုန်းပဲ အခွန်ကောက်ခံဖို့ ပြောင်းလဲ သတ်မှတ်လိုက်တာကြောင့် ပြည်တွင်းမှာ ရှိနေတဲ့ အိမ်ခြံမြေ၊ ကား စတဲ့ ‌အရောင်းအဝယ်ဈေးကွက်က ပြန်လည် အသက်ဝင်လှုပ်ခတ် လာနိုင်တယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဘဏ်တွေကနေ ငွေထုတ်ယူဖို့ ကြန့်ကြာမှုတွေ ရှိနေပေမယ့်လည်း အရင်က သိန်း(၁၀၀၀)ကို (၁၅)ရာခိုင်နှုန်း အထိ အခွန်ဆောင်နေရတဲ့ အရောင်းအဝယ် ဈေးကွက်က အခုဆိုရင် (၃)ရာခိုင်နှုန်းဘဲ ပေးဆောင်ရတော့မှာဖြစ်လို့ ပြန်လည် အသက်ဝင်လာနိုင်တယ်လို့ သုံးသပ် ထားကြတာပါ။

“ကားတစ်စီးကို အမည်ဖောက်မယ် ဆိုရင် အရင်က သိန်း(၁၀၀၀)တန်ကားဆို သိန်း(၁၅၀)ကုန်မယ်၊ အခုဆို (၃၀)သိန်းဘဲ အခွန်ဆောင် ရမယ် ဆိုတော့ ကားအရောင်းအဝယ်လဲ သွက်လာနိုင်ပါတယ်။ ဒီလိုဘဲ အိမ်ခြံမြေဈေးကွက်မှာလည်းသက်ရောက်လာနိုင်ပါတယ်”လို ရန်ကုန်မြို ရှိ ကားအရောင်းစင်တာပိုင်ရှင် ကိုမင်းဗညား က ပြောပါတယ်။

နစက အစိုးရ ကတော့ (COVID-19)ကြောင့်‌ နှောင့်နှေးနေတဲ့ စီးပွားရေး လုပ်ငန်းများနဲ့ ရင်းနှီးမြှုပ်နှံမှုများအား ပြန်လည် တိုးတက်မှု ရှိလာစေရေး အားပေးမြှင့်တင်ဖို့ဆိုပြီး ဖွဲစည်းပုံအ ခြေ ခံဥပဒေပုဒ်မ ၄၁၉ အရ ဒီဥပဒေကိုပြဌာန်း လိုက်တာဖြစ်ပါတယ်။

ဒီအခွန်နှုန်းပြောင်းလဲမှုက လာမယ့် ဇူလိုင်လ(၁)ရက်နေ့ ကနေ ဘဏ္ဌာနှစ်ကုန်မယ့် စက်တင်ဘာလ(၃၀)ရက်နေ့ အထိအကျိုးသက်ရောက်‌ စေမယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here