အလှူငွေတွေကို လိမ်ဖို့ ကြိုးစားနေတဲ့ သူတွေကို ဒူးထောက်ပြီး တောင်းပန်ပါတယ်ဆိုတဲ့ အိစိကွေး

0
217

သရုပ်ဆောင် အိစိကွေးက လတ်တလောမှာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ အတွက် သူကိုယ်တိုင် အလှူတွေခံပြီး ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အလှူငွေတွေကို လိမ်ဖို့ ကြိုးစားနေတဲ့သူတွေကို ဒူးထောက်ပြီး တောင်းပန်ပါတယ် ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စ် စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“ ငွေတွေလိမ်ဖို့ မကြိုးစားကြပါနဲ့ဗျာ
လူတိုင်း ခက်ခဲနေတာပါ အဆင်မပြေတဲ့ကြားက လှူခဲ့ကြတဲ့ အလှူငွေလေးတွေကို မျက်စောင်းမထိုးကြပါနဲ့ဗျာ

ယုတ်မာပြီး ခိုးနေတဲ့သူတွေဆီသာ သွားလိမ်ကြပါ
မေတ္တာ ရပ်ခံပါတယ် ဗျာ 🙏🏻 ဒူးထောက်ပြီး တောင်းပန်ပါတယ်ဗျာ 🙏🏻

ပြီးတော့ ရင်းနှီးတဲ့အသိတွေက ဘဏ်ဝန်ထမ်းတွေမို့ သူတိုကို မေးမေးပြီးမှ ပြန်ပြောနေတာမို့လို့ မကြိုးစားကြပါနဲ့တော့ နော် 😞

### လှူထားတဲ့အလှူငွေတွေ အကုန် Safe ဖြစ်ပါတယ် အလှူရှင်တွေလည်း မစိုးရိမ်ပါနဲ့ လှူလိုရပါတယ်
အကုန် Welcome ပါဗျာ” လို့ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here