ကိုဗစ် တတိယလှိုင်းဖြစ်ပွားလာတာ ကြောင့် နေပြည်တော် အဝင် တင်းကြပ်မယ်

0
189

နေပြည်တော် ဇွန် ၁၈

အိမ်နီးချင်းနိုင်ငံ များမှာ ကိုဗစ် ကူးစက်မှုနှုန်း နေ့စဉ်မြင့်တက်နေသလို ပြည်တွင်းမှာလည်း တတိယလှိုင်း ထပ်မံဖြစ်ပွား နိုင်တဲ့ အခြေအနေတွေကြောင့် နေပြည်တော်ကို ပြင်ပမှဝင်ရောက်လာပါက စစ်ဆေးမှုများ တင်းကြပ်သွားမယ်လို့သိရပါတယ်။

နေပြည်တော်ကို stay home အဖြစ် သတ်မှတ်ထားတဲ့ မြို့အချို့ကလာရောက်မယ် ဆိုရင် တော့ ကွာရန်တင်း ဝင်ရောက်ရမယ် လို့လည်း သိရပါတယ်။

နေပြည်တော် အဝင် ဂိတ်တွေမှာ ကျန်းမာရေး အတွက် ကိုယ်အပူချိန် တိုင်းတာခြင်း အပါအဝင် နေရပ်ဒေသများ ဖြည့်သွင်းခြင်းစတဲ့ အချက်အလက်တွေ ကိုလည်း ရယူဆောင်ရွက်နေပါတယ်။

ကိုဗစ်ကူးစက်မှု အခြေအနေပေါ် မူတည်ပြီး စည်းကမ်းချက်တွေ ထုတ်ပြန်သွားဖို့ ရှိပေမယ့် နေပြည်တော် အဝင် ပိတ်မယ် ဆိုတဲ့ ကောလဟာလ သတင်းတွေကတော့ မဟုတ်ဘူးလို့ နေပြည်တော် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here