သွေးလှူဒါန်းခဲ့တဲ့ သရုပ်ဆောင်သူဇာပွင့်

0
438

ဇာတ်ကားများစွာ ရိုက်ကူးထားပြီး အရံ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် သူဇာပွင့်ဟာ ဇွန်လ ၉ရက်နေ့မှာတော့ သွေးလှူဒါန်းမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။
လိုအပ်နေတဲ့ O သွေးအမျိုးအစား၂လုံးကို သူဇာပွင့်တို့ ညီအစ်မက အကယ်ဒမီဆေးရုံမှာ လူဒါန်းခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိမှာတော့ သူဇာပွင့်ဟာ အနုပညာအလုပ်တွေ ရပ်နားထားရချိန်မှာ အမျိုးသားဝတ်၊ အမျိုးသမီးဝတ်အထည် များကို ရောင်းချလျက်ရှိပါတယ်။
သူမရဲ့ Facebook အကောင့်ကနေ တစ်ဆင့် Live လွှင့်ရောင်းချနေတာဖြစ်ပြီး ဇွန်လ ၈ရက်နေ့မှ စတင်ကာ ပြန်လည်ရောင်းချ တာဖြစ်ပါတယ်။
ဒါအပြင် သူမက ‘ဒီအချိန်ကိုနားလည်ပေမယ့် မန်းမန်းစားဖို့ ဈေးလေးရောင်းမယ်နော်’ လို့ သူမရဲ့ Facebook စာမျက်နှာကနေ တစ်ဆင့် ပရိသတ်ကိုနားလည်အောင် မျှဝေရေးသားထားတာ တွေ့ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here