၉၅ ရာခိုင်နှုန်း ပျက်စီးသွားပြီဖြစ်တဲ့ ဦးဘဂျမ်းရဲ့ မျက်လုံးတစ်ဖက်

0
253

လူကြမ်းမင်းသားကြီး သရုပ်ဆောင် ဦးဘဂျမ်းဟာ ဆိုရင် သူ့ရဲ့ မျက်လုံးတစ်ဖက် တိမ်ဝင်နေပြီး ၉၅ရာခိုင်နှုန်းလောက် ဆုံးရှုံးနေပြီ ဖြစ်တာကြောင့် မျက်လုံး ကုသရန် အနုပညာရှင် တချို့မှ အလှူငွေများပေးအပ် လှူဒါန်းခဲ့တာတွေရှိပါတယ်။ အလှူငွေ များပေးအပ် လှူဒါန်းပေး ကြတဲ့ အတွက် အားလုံးကိုကျေးဇူးတင်ကြောင်း ကိုလည်း အခုလိုပဲပြောပြခဲ့ပါတယ်။

“ မျက်လုံး တိမ်ဝင်တာက ဖြစ်နေတာတော့ကြာပါပြီ။ ဒါပေမယ့် အနုပညာ အလုပ်လေးရှိတဲ့ အချိန်မှာ အလုပ်လုပ်ခဲ့ရတော့ မျက်လုံး အတွက်လည်း အချိန်မပေးနိုင်တော့ဘူး။ အခု အနုပညာအလုပ်တွေ နားထားရတဲ့ အချိန်မှာ မျက်စဉ်းဆေးလေး ပဲ ပုံမှန်ခတ်ဖြစ်တယ်။ မျက်စဉ်း ကလည်း ခတ်ရတာက၂ဘူးကို ၅သောင်းလောက် ရှိတယ် ဆိုတော့ အလုပ် မရှိတဲ့ အချိန်ကြတော့ ဝယ်မခတ်နိုင်ဘူး။ အဲ့ဒါနဲ့ ရူတင် မန်နေဂျာ ဦးဆွေဆီမှာ မျက်စဉ်းဖိုးလေးတောင်းရင်း အဲ့ကနေပဲ ကူညီမယ့်သူတွေပေါ်လာတယ်။ အဲ့ဒီအတွက် အကုန်လုံးကို လည်းကျေးဇူး တင်ပါတယ်။ ကိုယ်တိုင် အလုပ်လုပ်ပြီး ရှာတဲ့ ပိုက်ဆံထက် ပရိသတ်ကပေးတဲ့ ပိုက်ဆံက ပိုပြီး တန်ဖိုးရှိပါတယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here