အစ္စရေးနှင့် ကိုဗစ်ကာကွယ်ဆေး လဲလှယ်ရေးစီအစဉ် ပါလက်စတိုင်းဖျက်သိမ်း

0
83

ပါလက်စတိုင်း၊ ဇွန် ၁၉
အစ္စရေးထံမှ ဆေးအလုံးရေ တစ်သန်းမျှ ရရှိမည့် ကိုဗစ်ကာကွယ်ဆေး လဲလှယ်ရေးအစီအစဉ်ကို မိမိတို့ဖက်မှ ဖျက်သိမ်း လိုက် ပြီဖြစ်ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူကပြောသည်။

အစ္စရေးမှ ပေးမည့် ကာကွယ်ဆေး များသည် သက်တမ်းကုန်မည့်ရက်နှင့် လွန်စွာ နီးကပ်နေခြင်းကြောင့်ဟု ပါလက်စတိုင်း တာဝန်ရှိ သူများက ဆိုသည်။

ကာကွယ်ဆေးများ သက်တမ်းကုန်ဆုံးမည့်ရက်သည် ဇူလိုင်(သို့)သြဂုတ်လတွင်ဖြစ်ရမည်ဟူသည့် သဘောတူညီချက်နှင့် မကိုက်ညီဘဲ အစ္စရေးတို့ထံမှ ပေးပို့လာသော ကာကွယ်ဆေးများမှာ ယခုဇွန်လတွင် သက်တမ်းကုန်ဆုံးမည့်ဆေးများဖြစ်နေကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီး မာအီအယ်လ်ကာအီလာကဆိုသည်။

“ဒါဟာ ဒီရက်ပိုင်းအတွင်း ဒီဆေးတွေကို ကျွန်တော်တို့ကုန်အောင် ထိုးဖို့အတွက် အချိန်မလုံလောက်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ပယ်ချ လိုက်တာပါ”ဟု သူကပြောသည်။
အစ္စရေးဖက်ကမူ ယင်းကိစ္စနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပေးချေ။
ထို့အပြင် အစ္စရေးတို့ထံမှ ကာကွယ်ဆေ အလုံး ၉သောင်းခန့်သည်လည်း နှစ်နိုင်ငံသဘောတူညီချက်တွင်ပါရှိသည့်အချက်များနှင့် မကိုက်ညီကြောင်း ပါလက်စတိုင်းတို့ကပြောသည်။
Ref: Palestinians cancel vaccine swap deal with Israel
Photo: Getty Images


LEAVE A REPLY

Please enter your comment!
Please enter your name here