၁၃လကျော်သည်အထိ COVID-19 ကူးစက်မှု အသစ်မတွေ့ရှိသော ဘရူနိုင်းတွင် ရောဂါကူးစက်သူ တစ်ဦး ပြန်လည် စစ်ဆေးတွေ့ရှိ

0
187

ဘန်ဒါဆရီဘဂဝန်၊ ဇွန် ၁၉

၂၀၂ဝပြည့်နှစ် မေလ ၆ ရက်နေ့မှသည် ၂၀၂၁ခုနှစ် ဇွန်လ ၁၆ ရက်အထိ ရက်ပေါင်း ၄၀၈ ရက်မျှကြာ ပြည်တွင်း COVID-19 ကူးစက်မှု ကင်းစင်နေသော ဘရူနိုင်းနိုင်ငံတွင် ယင်းရောဂါ ကူးစက်သူတစ်ဦးကို သောကြာနေ့က စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ကူးစက်ခံရသူမှာ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့မှတစ်ဆင့် ဘရူနိုင်း သို့ပြနလည်ရောက်ရှိလာသူဖြစ်သည်။ သူ့တွင် ရောဂါလက္ခဏာပြသခြင်းမရှိချေ။

သူနှင့် ထိတွေ့ခဲ့သူ ၁၂ ဦးကို ခြေရာခံသိရှိပြီး ယင်းတို့ကိုလည်း ကွာရန်တင်းဝင်ရန်စီစဉ်ထားကြောင်းသိရသည်။
ဘရူနိုင်းနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၂၅၂ ဦးမျှသာရှိပြီး ၂၄၃ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရကြပြီးဖြစ်သည်။

Ref: Brunei reports 1 new COVID-19 case, 252 in total


LEAVE A REPLY

Please enter your comment!
Please enter your name here