ပူတင်-ဘိုင်ဒင် တွေ့ဆုံပွဲမစမီ ပစိဖိတ်သမုဒ္ဒရာအတွင်း ရုရှားတို့ ကြီးမားသော စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့

0
87

နယူးယောက်၊ ဇွန် ၁၈
ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဆွေးနွေးပွဲမစမီရက်ပိုင်းအလိုက ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဟာဝိုင်ယီကျွန်း၏ အနောက်ဖက် မိုင် ၃၀၀ မှ ၅၀၀ အတွင်း ရေပြင်ဝယ် ရုရှားရေတပ်က ကြီးမားသော စစ်ရေးလေ့ကျင့်မှု များပြုလုပ်ခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုသည် စစ်အေးတိုက်ပွဲကာလမှ ယနေ့အထိတွင် အကြီးမားဆုံး စစ်ရေးလေ့ ကျင့်မှုဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုတွင် တိုက်သင်္ဘောများ၊ လေယာဉ်တင်သင်္ဘောများ၊ ရေငုပ်သင်္ဘောဖြိုခွင်းရေးလေယာဉ်များနှင့် ခရီးဝေးဗုံးကြဲလေယာဉ် များပါရှိသည်။

အဆိုပါစစ်ရေးလေ့ကျင့်ရာဒေသသို့ အမေရိကန်မှ F-22 တိုက်လေယာဉ် ၃ စီးစေလွှတ်ခဲ့ကာ လေ့ကျင့်မှုပြီးဆုံးသည်အထိ စဉ်ဆက် မပြတ်စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

ရုရှားတို့စစ်ရေးလေ့ကျင့်နေချိန်တွင် အမေရိကန်လေယာဉ်တင်သင်္ဘော USS Vinson ဦးဆောင်သော ရေယာဉ်အုပ်တစ်ခုကလည်း ဟာဝိုင်ယီကျွန်း၏ အရှေ့ဖက် မိုင် ၂၀၀ အကွာရေပြင်တွင် အစုလိုက်စစ်ရေးလေ့ကျင့်မှုတစ်ခုကိုပြုလုပ်နေခဲ့သည်။

ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း တိုင်ဝမ်ထိန်းချုပ်မှုအောက်ရှိ လေပိုင်နက်အတွင်းသို့ တရုတ်စစ်လေယာဉ်မျိုးစုံ ၂၈ စီးပါဝင်သော လေယာဉ်အုပ်စုတစ်ခု ဖြတ်ကျော်ပျံသန်းခဲ့ရာ တိုင်ဝမ်လေတပ်က စဉ်ဆက်မပြတ်စောင့်ကြည့်ခဲ့သည်။ အဆိုပါ လေ့ကျင့်ပျံသန်းမှုမျိုးမှာ ယခင်ကတည်းကရှိခဲ့သော်လည်း ယခုအကြိမ်တွင် လေယာဉ်အရေအတွက်အများဆုံးဖြစ်ကြောင်းသိရသည်။

Ref: Ahead of Biden-Putin summit, Russia conducts what it calls its largest naval exercise in the Pacific since Cold War


LEAVE A REPLY

Please enter your comment!
Please enter your name here