ဂျပန်တွင် အိုကီနာဝါခရိုင်မှအပ ကျန်ဒေသများတွင် COVID-19 အရေးပေါ်အခြေအနေ ရုပ်သိမ်းမည်

0
148

တိုကျို၊ ဇွန် ၁၇

ဂျပန်နိုင်ငံတွင် COVID-19 အတွက် ထုတ်ပြန်ထားသော အရေးပေါ်အခြေအနေအမိန့်ကို အိုကီနာဝါခရိုင်မှအပ ကျန်ဒေသများတွင် ရုပ်သိမ်း ရန် အစိုးရက စီစဉ်နေပြီဖြစ်သည်။ လက်ရှိတွင် ခရိုင် ၁၀ တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားသည်။

သို့ရာတွင် တိုကျိုနှင့် အိုဆာကာအပါအဝင် ခရိုင် ၇ ခုတွင် ကာကွယ်ရေးဆိုင်ရာ တင်းကျပ်သည့် စည်းကမ်းများ ချမှတ်ဆောင်ရွက်ရန် ကိုလည်း စီစဉ်နေလျှက်ရှိကြောင်းသိရသည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသော အစည်းအဝေးတွင် ဝန်ကြီးချုပ် ဆူဂါနှင့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာတုန့်ပြန်ဆောင်ရွက်ရေးခေါင်းဆောင် ဝန်ကြီး နီရှိမူရာ ယာဆုတိုရှီ၊ ကျန်းမာရေးဝန်ကြီး တာမူရာ နိုရီဟီဆာနှင့် အခြားအစိုးရအဖွဲ့ဝင်တို့၏ သဘောတူညီချက်အရ ယခုကဲ့သို့ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

အစီအစဉ်အရ ခရိုင် ၉ ခုတို့မှ အရေးပေါ်အခြေအနေသတ်မှတ်ချက်ကို လာမည့် တနင်္ဂနွေနေ့တွင် ရုပ်သိမ်းမည်ဖြစ်သည်။ ဟော့ကိုင်းဒိုး၊ တိုကျို၊ အာအိချိ၊ အိုဆာကာ၊ ဟယိုဂို၊ကျိုတိုနှင့် ဖူကူအိုကာ ခရိုင်များတွင် ဗိုင်းရပ်စ်ကာကွယ်ရေး တင်းကျပ်သောစည်းမျဉ်းများကို ဇူလိုင် ၁၁ ရက်အထိ ချမှတ်ဆောင်ရွက်မည်ဖြစ်သည်။
Read More on Telegram : https://t.me/popularjournal/315
Ref: Japan to lift state of emergency except Okinawa


LEAVE A REPLY

Please enter your comment!
Please enter your name here