Stay at Home မြို့တွေကနေ နေပြည်တော်‌ကို လာရင် ဆယ်ရက် Q ဝင်ရမယ်

0
219

နေပြည်တော် ဇွန် ၁၉

ဒီကနေ့က စပြီး ကိုဗစ် ကူးစက်နှုန်းမြင့်တက်နေတဲ့ Stay at Home မြို့တွေကနေ နေပြည်တော်ကို လာရောက်မယ် ဆိုရင် Facility Quarantine (၁၀)ရက် ဝင်ရောက်ရတော့မယ် လို့ နေပြည်တော်ကောင်စီ ကနေ သိရပါတယ်။

လတ်တလောမှာ ကိုဗစ် ကူးစက်နှုန်းက ပြည်တွင်းမှာ နေ့စဉ် မြင့်တက်လာနေပြီး တချိုမြို့တွေမှာ ရာချီ ကူးစက်သူတွေ ရှိလာတာကြောင့် Stay at Home အဖြစ် ကြေညာ ထားပြီးဖြစ်ပါတယ်။

ဒီကနေ့အထိ Stay at Home ကြေညာထားတဲ့မြို့တွေကတော့ လက်ပံတန်း ၊ချင်းပြည်နယ်က တီးတိန်၊ ဖလမ်း ၊ထန်တလန်၊ ဟားခါး၊ တွန်းဇံမြို့တွေ အပြင် စစ်ကိုင်းက တမူး နဲ့ကလေး မြို့တွေကိုပါ သတ်မှတ် ထားတာဖြစ်ပါတယ်။

ဒါကြောင့် အခုလို Stay at Home မြို့တွေကနေ နေပြည်တော်ကို လာရင်တော့ ဟိုတယ်နဲ့ စည်ပင်ရိပ်သာတွေမှာ Q (၁၀)ရက် ဝင်ရမှာဖြစ်ပြီး ဆယ်ရက် အတွင်းမှာ ကိုဗစ် ဖြစ်မဖြစ်ကို နှစ်ကြိမ် စစ်ဆေးမယ်လို့ သိရပါတယ်။

စစ်ဆေးမယ့်စရိတ် အပါအဝင် Q ဝင်နေစဉ် စာရိတ်အားလုံးကို ကာယကံရှင်ကပဲ အကုန်ကျခံရမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here