လိုအပ်တဲ့နေရာတွေ ကို ထပ်မံလှူဒါန်းသွားဖို့ ရှိတယ်ဆိုတဲ့ ဆောင်းယွန်းစံ

0
149

သရုပ်ဆောင် ဆောင်းယွန်းစံက လတ်တလောမှာ မီးဘေးသင့်ခဲ့တဲ့ ရွာအတွက် အဝတ်အထည်တွေ၊ စားစရာတွေနဲ့စောင်တွေ လှူဒါန်း ခဲ့ပါတယ် ။နောက်ထပ်လည်း အခက်အခဲလည်းဖြစ်နေတဲ့ နေရာများကို ထပ်မံလှူဒါန်းသွားဖို့ ရှိတယ်လို့ သူမရဲ့ ဖေ့ဘုတ်စ် စာမျက်နှာ အခုလိုပဲဖော်ပြထားပါတယ်။

“ မီးဘေးသင့်ခဲ့တဲ့ ရွာအတွက် အဝတ်အထည်တွေ စားစရာတွေ နဲ့စောင်တွေ လှူဒါန်းခဲ့ပါတယ်🙏🙏🙏

စစ်ဘေးရှောင်တွေအတွက် မိုးကာများ အဝတ်အထည်များ စောင်များ စားစရာများ ထပ်မံလှူဒါန်းခဲ့ပါတယ် 🙏🙏🙏

ဆောင်းနဲ့တူတူ လှုဒါန်းပေးတဲ့သူ အားလုံးကိုလဲကျေးဇူးပါရှင့်🙏🙏🙏
အားလုံးရဲ့ မေတ္တာ ကြောင့် လိုအပ်နေတဲ့နေရာများသို့သေချာလေးရောက်ရှိနိုင်ပါစေ..

ခုဝတ်ထားတဲ့ မိုးကာလေးကတော့ မိုးကာရောင်းတဲ့ဦးလေးကြီးက လက်ဆောင်ပေးသွားတာ 😁
နောက်ထပ်လဲ လိုအပ်တဲ့နေရာတွေကို ထပ်လှုပေးသွားပါဦးမယ်။”လို့ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here