၁၂၃ ရက်တိုင်တိုင် လက်ထိပ်ခတ်ပြီး မခွဲမခွာနေခဲ့ကြတဲ့ ချစ်သူနှစ်ဦး လက်ထိပ်ဖြုတ်ပြီ

0
240

ကိယက်ဗ်၊ ဇွန် ၂၁

မခွဲမခွာ သေအတူရှင်မကွာနေကြမယ် ဆိုပြီး လက်တစ်ဖက်စီကို လက်ထိပ်တစ်ခုနဲ့ ရက်ပေါင်း ၁၂၃ ရက်တိုင်တိုင် တွဲခတ်ကာ တူတူနေ ခဲ့ကြတဲ့ ချစ်သူ ၂ ဦးဟာ ခုတော့ အဲဒီ လက်ထိပ်ကိုဖြုတ်လိုက်ကြပြီ ဖြစ်ပါတယ်။

အဲဒီချစ်သူနှစ်ဦး ကတော့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ခါကိဗ်မြို့က အလက်ဇန်ဒါးကဒ်လေနဲ့ ဗစ်တိုးရီးယား ပူစတိုဗီတိုဗာ တို့ဖြစ်ကြပြီး ပြီးခဲ့တဲ့ ချစ်သူများနေ့ကစလို့ နှစ်ယောက်သား ကိုယ့်သဘောနဲ့ကိုယ် လက်ထိပ်ခတ်ပြီး အတူနေခဲ့ကြတာပါ။

သူတို့ရဲ့ စမ်းသပ်ချက်ဟာ လူမှုကွန်ရက်မှာ လူသိများခဲ့ပါတယ်။ စားအတူ သောက်အတူ အိပ်အတူ ယုတ်စွအဆုံး ရေချိုး အိမ်သာ တက်ရင်တောင် အတူတူပါပဲ။
ဒါပေမယ့် အဲဒီလို နှစ်ဦးသားလက်ထိပ်တွဲခတ်ပြီးနေကြရာမှာ အဆင်မပြေမှုတွေ အတော်ရှိတယ်လို့ ပူစတိုဗီတိုဗာက လက်ထိပ်ဖြုတ် ပြီးချိန်မှာပြောပါတယ်။

“ဒါဟာ ကျွန်မတို့နှစ်ယောက်အတွက် သင်ခန်းစာရလိုက်သလို၊ ယူကရိန်းချစ်သူစုံတွေ အနေနဲ့လဲ ကျွန်မတို့လုပ်ခဲ့သလို လိုက်မလုပ်ကြဖို့ ပြောချင်ပါတယ်”လို့ သူကပြောပါတယ်။
အဲဒီလို လက်ထိပ်ခတ်နေကြစဉ်မှာ တစ်ကိုယ်ရည် သီးသန့်နေချင်တဲ့ ဆန္ဒဟာ ပျောက်ဆုံးခဲ့ရတယ်လို့လဲ သူကဆိုပါတယ်။ သူ့ချစ်သူ အမျိုးသားက သူ့အပေါ်မှာ ဂရုစိုက်မှု မလုံလောက်တဲ့အခါမျိုးမှာ အဲဒီလို နှစ်ယောက်တွဲကြီးနေခဲ့ရတာဟာလဲ ခံစားလို့မသက်သာဘူး လို့လဲပြောပါတယ်။

“ကျွန်မတို့ ၁၂၃ ရက်လုံးလုံး အဲဒီလိုနေခဲ့ကြတာပါ။ အဲဒီရက်တွေအကုန်လုံး အလက်ဇန်းဒါးဆီက ဂရုစိုက်မှု အပြည့်အဝရတယ်လို့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ကာ မင်းကိုသတိရလိုက်တာာတို့ မင်းကိုလွမ်းတယ်ကွာတို့ ဆိုတာကို ကျွန်မကြားချင်တဲ့အချိန်မျိုးမှာ အလက်ဇန်းဒါးဆီက မကြားရတော့လို့ပါပဲ”လို့ အသက် ၂၉ နှစ်အရွယ် အလှမယ် ပူစတိုဗီတိုဗာကပြောပါတယ်။

“ကျွန်တော်တို့ဟာ ရာနှုန်းပြည့် သဘောထားချင်းတူကြတယ်လို့မဟုတ်ဘူးဗျ။ မတူခြားနားတာတွေ အပြည့်ရှိနေတာကိုတွေ့ရတယ်”လို့ အသက် ၃၃ နှစ်အရွယ် ကားအရောင်းကိုယ်စားလှယ် အလက်ဇန်းဒါး ကဒ်လေကလဲပြောပါတယ်။

ခုအခါမှာတော့ ချစ်သူနှစ်ဦးဟာ လွတ်လွတ်လပ်လပ်နေလို့ထိုင်လို့ရသွားပါပြီ။
ခုလို လက်ထိပ်ကိုဖြုတ်လိုက်ပြီးတဲ့အခါမှာတော့ အလှူလုပ်ဖို့အစီအစဉ်တစ်ခုအတွက် ထည့်ဝင်ကြဖို့ သူတို့ရဲ့လက်ထိပ်ကို အွန်လိုင်းကနေ လေလံတင်မယ်လို့ ချစ်သူစုံတွဲကဆိုပါတယ်။

Ref: Ukraine’s inseparable couple ditches the handcuffs and parts ways
Photo: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here