အခက်အခဲဖြစ်နေတဲ့ သူတွေကို ဆက်လက်လှူဒါန်း သွားမယ်ဆိုတဲ့ မွန်လေး

0
178

ဟာသ သရုပ်ဆောင် မွန်လေးဟာ လက်ရှိမှာ အခက်အခဲဖြစ်နေတဲ့ သူတွေကို အကူညီများ ဆက်တိုက်ပေးဖြစ်နေပါတယ်။ အခက်အခဲဖြစ်နေ တဲ့ သူတွေကို ကူညီတဲ့နေရာမှာ မွန်လေးရဲ့ အကောင့်တုတွေ နဲ့ငွေလိမ်တာတွေပါ ရှိတဲ့အကြောင်းကို အခုလို ပဲပြောပြခဲ့ပါတယ်။

” အခုရက်ပိုင်း ကျွန်တော်တို ဆိုရှယ် မီဒီယာပေါ်မှာ ကျွန်တော့်ရဲ့ပုံတွေ၊ ကျွန်တော်လှူထားတဲ့ ဓာတ်ပုံတွေတင်တယ်။ တင်ပြီးတော့ သူက ဘယ်နေ့ မှာဘယ်လောက် လိုအပ်လို့ လှူပေးကြပါဦး ဆိုပြီးတော့ သူကဖုန်းနံပါတ်တွေ တင်ပြီးတော့ ကျွန်တော်တင်သလို နဲ့ လိမ်ပြီးတော့ အလှူခံတာတွေရှိတယ် ။ဖြစ်ချင်တော့ ကျွန်တော်ကလည်း အဲ့လိုတခါမှ အလှူမခံဘူးတဲ့ အတွက် ဒါကကျွန်တော့်ပုံစံ နဲ့လိမ်ပြီး အလှူခံတာ အရမ်းကိုသိသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် စလှူတဲ့အချိန်ကတည်းက အခုချိန်ထိ တခါမှ အဲ့လို အလှူ မခံခဲ့ဖူးဘူး။ အလှူဆိုတာ စေတနာရှိမှ လှူလို့ရတာ။ ဘာကြောင့်အလှူမခံတာလဲ ဆိုတော့ ဒီအချိန်ကာလမှာ အခက်အခဲဖြစ်နေတဲ့ သူတွေက အရမ်းများတယ်။ အဲ့ဒီတော့ အဆင်ပြေမှန်းမသိ၊ မပြေမှန်းမသိလေ။ အဲ့ဒီတော့ ကိုယ့်ရဲ့ ရှိတဲ့ငွေလေးနဲ့ပဲ အခက်အခဲဖြစ်နေတဲ့ သူတွေကို လှူဒါန်းဖြစ်ပါတယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here