မြန်မာနိုင်ငံရဲ့နိုင်ငံရေး အခန်းကဏ္ဍမှာ တပ်မတော် ကပါဝင်ထိန်းသိမ်းဆောင်ရွက်‌ နေတဲ့ အခြေအနေတွေကို ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို နစက ထုတ်ပြန်

0
254

နေပြည်တော် ဇွန် ၂၁

မနေ့က ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဒီကနေ့မှာတော့ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Nikolai plato-novich Patrushevနဲ့ တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေး အခင်းအကျင်း နဲ့တပ်မတော်ရဲ့ ပါဝင်ဆောင် ရွက်နေတဲ့ အခြေအနေ တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ အတူ နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူးနဲ့အတူ တာဝန်ရှိသူများ တက်ရောက်ကြတယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ အစိုးရနှစ်ရပ် အကြားမှာ လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ် တွေကိုပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေ‌ တွေကိုလည်း ထည့်သွင်း ဆွေးနွေး ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here